
မန္တလေး ဖေဖော်ဝါရီ ၁
နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဘုန်းတော် ကြီးကျောင်းများ၊ Church ကျောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့လှူဒါန်း လျက်ရှိသည့်အပြင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ အာဟာရဖြည့် အစား အစာများ၊ ဆေးဝါးများ၊ ရေသန့် များ ထောက်ပံ့လှူဒါန်းလျက်ရှိ သည်။
ထိုသို့ ထောက်ပံ့လှူဒါန်း လျက်ရှိရာ မန္တလေးတိုင်းဒေသ ကြီး မိတ္ထီလာခရိုင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်း၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ကိုးနဝင်းစာသင် ကျောင်းတိုက် ဆရာတော်ကြီး ထံသို့ နယ်စပ်ရေးရာဝန်ကြီးဌာန က ထောက်ပံ့လှူဒါန်းသော လှူဒါန်းငွေများ သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်