
နေပြည်တော် ဒီဇင်ဘာ ၃၀
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေး အတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြ သော ဝန်ထမ်းများကို မိသားစု သဖွယ် အသိအမှတ်ပြုသော အားဖြင့် မိတ်ဆုံနေ့လယ်စာ စားပွဲ များ လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ တတိယအကြိမ် မိတ်ဆုံစားပွဲကို အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကျရာအခန်းကဏ္ဍ အသီးသီး၌ သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းသည် ဝန်ထမ်း များအားလုံ
း၏ စည်းလုံးညီညွတ် စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ ယခုလို မိတ်ဆုံ စားပွဲမှတစ်ဆင့် မိမိတို့၏လုပ်ငန်း အတွေ့အကြုံများကို ဝန်ထမ်း အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် တိုင်ပင်ညှိနှိုင်း ဆွေးနွေးနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန ၏ ရည်မှန်းချက်ဖြစ်သည့် နယ်စပ် ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်း များအား ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် ဝန်ထမ်းများ အနေဖြင့် ရာထူးအဆင့်အလိုက် ကျရာကဏ္ဍအသီးသီးမှ ညီညွတ် စွာဖြင့် ဝိုင်းဝန်းလက်တွဲ၍ ဆက်လက်ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်း များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ မိတ်ဆုံနေ့လယ်စာအား လက်ရည် တစ်ပြင်တည်း သုံးဆောင်သည်။
အဆိုပါ မိတ်ဆုံနေ့လယ်စာ စားပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် သုံးဆောင်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်