
နေပြည်တော် စက်တင်ဘာ ၁
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများ ကို မိသားစုသဖွယ် အသိမှတ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အဋ္ဌမအကြိမ် မိတ်ဆုံ နေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါ မိတ်ဆုံနေ့လယ်စာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ ရင်းနှီးခင်မင်စွာ လက်ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်