
နေပြည်တော် မတ် ၁
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေး အတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြ သော ဝန်ထမ်းများကို မိသားစု သဖွယ် အသိအမှတ်ပြုသော အားဖြင့် မိတ်ဆုံနေ့လယ်စာ စားပွဲများ ကျင်းပပေးလျက်ရှိရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းများ၏ ဒသမအကြိမ် မိတ်ဆုံနေ့လယ်စာ စားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါဝန်ကြီးရုံး၌ ကျင်းပ သည်။
အဆိုပါ မိတ်ဆုံနေ့လယ်စာ စားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီး အကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ ရင်းနှီးခင်မင် စွာ လက်ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်