နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ တိုးတက်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

 

စစ်တွေ   ဖေဖော်ဝါရီ  ၈


ရခိုင်ပြည်နယ်        တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ    ညှိနှိုင်း ပေါင်းစပ်ရေး    ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး     ထွန်းထွန်းနောင် သည်   ဖေဖော်ဝါရီ   ၆   ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ နယ်စပ် ဒေသ  တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး    သင်တန်းကျောင်းသို့ ရောက်ရှိပြီး          ကျောင်းသား ကျောင်းသူများ    ပညာသင်ကြား နေမှု၊    နေ့စဉ်အစားအသောက်၊ အာဟာရများ        ကျွေးမွေးမှု၊ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်နှင့် စည်းကမ်းများ ကောင်းမွန်စေရေး ဆောင်ရွက်မှု၊ သင်တန်းကျောင်းရှိ စာသင်ခန်း၊ သင်ထောက်ကူပစ္စည်း များနှင့်      အဆောက်အအုံများ ကြံ့ခိုင်မှုတို့ကို    လိုက်လံကြည့်ရှု စစ်ဆေးကာ  သင်တန်းကျောင်းအတွက်  လိုအပ် ချက်များကို  ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်     ကျောင်းသား/ ကျောင်းသူများကို      သင်တန်း ကျောင်းခန်းမ၌   တွေ့ဆုံ၍  နိုင်ငံ တော်အပေါ်    သစ္စာစောင့်သိ၍ ပြည်သူက အားကိုးအားထားပြု နိုင်မည့် လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးနိုင်ရေး အလေး ထားဆောင်ရွက်ရန်  လိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်း သားပြည်သူများ၏    လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလယ်တန်း၊ အထက်တန်းပညာ၊ သက်မွေးပညာ၊    စက်မှုလက်မှု ပညာ  စသည့်အတတ်ပညာများ အပြင်  ဘဝအခြေခိုင်မာရပ်တည် နိုင်မည့်          အသိပညာများကို သင်ကြားလေ့ကျင့်ပေးရန် လိုအပ် ကြောင်း  ပြောကြားပြီး  ဝန်ထမ်း များနှင့် ကျောင်းသား/ ကျောင်းသူ များအတွက်         ချီးမြှင့်ငွေများ ပေးအပ်သည်။

 


စေတနာထားဆောင်ရွက်


ယင်းနောက်    ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိ ပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး မှူးက     ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့်   ဒေသ ဖွံ့ဖြိုးရေး         လုပ်ငန်းများ၏ တိုးတက်မှု     အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက  လုပ်ငန်းများတိုးတက် အောင်မြင်မှုရှိစေရေး၊ ဒေသဖွံ့ဖြိုး ရေးအတွက်       စွမ်းနိုင်သမျှ အားထုတ်ကြိုးပမ်းရေး၊   နယ်စပ် ဒေသများတွင်ရှိနေသည့် တိုင်းရင်း သားများအတွက်        အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့်  ၎င်းတို့၏  လူမှုစီးပွား ဘဝများ တိုးတက်စေရေးအတွက် လိုအပ်ချက်များကို    စေတနာ ထားကာ        ဆောင်ရွက်ပေးရန် မှာကြားသည်။

 


သင်တန်းကျောင်းဖွင့်လှစ်


နယ်စပ်ရေးရာ   ဝန်ကြီးဌာန အနေဖြင့်  ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သုံးကျောင်း၊ စက်မှုလက်မှုပညာ သင်တန်းကျောင်း နှစ်ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု   သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း သုံးကျောင်း    ဖွင့်လှစ်ထားရှိပြီး လူငယ်ဖွံ့ဖြိုးရေး   ကျောင်းများ တွင်  အလယ်တန်းမှ  တက္ကသိုလ် ဝင်တန်းအထိ      လည်းကောင်း၊ စက်မှုလက်မှုပညာ       သင်တန်း ကျောင်းများတွင်    ဆောက်လုပ် ရေး၊ လျှပ်စစ်၊ ဂဟေ၊ စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်  သင်တန်းများ ကိုလည်းကောင်း၊    အိမ်တွင်းမှု သင်တန်းကျောင်းများတွင် အခြေခံ အိမ်တွင်းမှု စက်ချုပ်သင်တန်းနှင့် အဆင့်မြင့်အိမ်တွင်းမှု   စက်ချုပ် သင်တန်းတို့ကို    လည်းကောင်း ဖွင့်လှစ်      သင်ကြားပေးလျက် ရှိသည်။ 

 


လုပ်ငန်း ၄၆ ခု ဆောင်ရွက်


ရခိုင်ပြည်နယ်တွင်    ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေကျပ် ၃၀၆၄ ဒသမ ၈၀၃ သန်း ဖြင့်      နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း ၄၆ ခု ဆောင်ရွက် လျက်ရှိရာ    လုပ်ငန်းများ   ၇၄ ဒသမ  ၈၈  ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကာ    စစ်တွေမြို့၊      မင်းပြား မြို့နှင့်     မောင်တောမြို့များရှိ    နယ်စပ်ဒေသ     တိုင်းရင်းသား လူငယ်များ    ဖွံ့ဖြိုးရေးသင်တန်း ကျောင်းများမှ     ၂၀၂၁ - ၂၀၂၂  ပညာသင်နှစ်၌        တက္ကသိုလ် ဝင်တန်း      ဝင်ရောက်ဖြေဆိုသူ    ၇၉       ဦးအနက်   အောင်မြင်သူ  ၄၄    ဦးရှိပြီး    ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ    ၂၂   ဦး ရှိကြောင်း သိရသည်။

 

သတင်းစဉ်