
နေပြည်တော် ဖေဖော်ဝါရီ ၃
နယ်စပ်ရေးရာ ဝန်ကြီးဌာန စတုတ္ထအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ ညနေ ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး ဌာန ရုံးဝင်းအတွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့် ဇော်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှု ထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ ကျင်းပသော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှာ ၁၂ လရာသီ ပွဲတော်များ၌ စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက် ရသည့် ထူးခြားသော ရိုးရာပွဲတစ်ခု ဖြစ်ပါကြောင်းနှင့် မည်သည့် အရာ ကိုမဆို စည်းလုံးညီညွတ်မှုဖြင့် ကျော်ဖြတ် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် အသင်း များအနေဖြင့် စိတ်အားထက် သန်စွာဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ယှဉ်ပြိုင်သွား ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ပြိုင်ပွဲဝင် အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသည့် အသင်းများကို ဆုများ ပေးအပ်သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန စတုတ္ထအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်း သုံးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ ကာ ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာ အားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်