နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းများဖွင့်ပွဲကျင်းပ

 

 

ရန်ကုန်   မေ   ၃
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့်   လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေး    ကျောင်းတွင်  ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေး  သင်တန်းများ ဖြစ်သော စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၆) ၊      အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ် စဉ်(၄၀)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၁၀)  သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် သင်တန်း ကျောင်းခန်းမ၌          ကျင်းပခဲ့ရာ နယ်စပ်ရေးရာ        ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်     ဦးသိန်း ဌေးဦး တက်ရောက်၍ သင်တန်း ဖွင့်   အမှာစကားပြောကြားသည်။ 
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အဆင့်ဆင့် သော ဝန်ထမ်းများ အရည်အသွေး ထက်မြက်ပြီး     အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန်၊   မိမိ ရာထူးအဆင့်နှင့်အညီ   လုပ်ငန်း တာဝန်များကို ကျွမ်းကျင်ပိုင်နိုင် စွာ    ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရား   ပြည့်ဝသော ဝန်ထမ်းကောင်းများ    ဖြစ်လာ စေရန်၊    သင်ကြားတတ်မြောက် ထားသော   အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင်   အကျိုး ရှိစွာ အသုံးချနိုင်စေရန်၊ ဝန်ကြီး ဌာနမှ အားကိုးရသော ဝန်ထမ်း ကောင်းများ    ဖြစ်လာစေရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းများ ကို မေ  ၂  ရက်မှ ဇူလိုင် ၂၂ ရက် အထိ   ရက်သတ္တ  ၁၂  ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်း သား    သင်တန်းသူ   ၁၅၀  တက် ရောက်မည်ဖြစ်ကြောင်း      သိရ သည်။                        သတင်းစဉ်