နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းဆင်းပွဲ ကျင်းပ

 

ရန်ကုန်  မတ်  ၂၆  


နယ်စပ်ရေးရာ     ဝန်ကြီးဌာန     ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန   ဗဟိုလေ့ကျင့်ရေးကျောင်း တွင်  ဖွင့်လှစ်ခဲ့သည့်   ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်   မြှင့်တင် ရေး       သင်တန်းများဖြစ်သော ဘဏ္ဍာရေး    စည်းမျဉ်း  အထူး သင်တန်း      အမှတ်စဉ် (၃၁)၊  ပစ္စည်းထိန်းသင်တန်း     အမှတ် စဉ်(၈) နှင့်    အလုပ်အကိုင်အခွင့် အလမ်းရရှိရေး     သင်တန်းဖြစ် သော    ခေတ်မီမော်တာအထည် ချုပ်စက်   သင်တန်းအမှတ်စဉ်(၂၆)    သင်တန်းများဆင်းပွဲ  အခမ်းအနား ကို  ယမန်နေ့ နံနက် ၈ နာရီခွဲတွင် သင်တန်းကျောင်းခန်းမ၌  ကျင်းပ ရာ        နယ်စပ်ရေးရာဝန်ကြီးဌာန       အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍  သင်တန်းဆင်းပွဲ   မိန့်ခွန်းပြောကြားသည်။

 


သင်တန်းများဆင်းပွဲ  အခမ်း အနားကို   ဦးစီးဌာနမှ တာဝန် ရှိသူများ၊    ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်   သင်တန်း သား    သင်တန်းသူများ   တက် ရောက်ကြသည်။

 


နယ်စပ်ရေးရာ ဝန်ကြီးဌာန  ကွပ်ကဲမှုအောက်ရှိ    ဝန်ထမ်း များကို   လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့်    နယ်စပ် ဒေသ၊    ကျေးလက်ဒေသများရှိ    တိုင်းရင်းသူ    အမျိုးသမီးငယ်များ ကို  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက် လာစေရန်     အသက်မွေးဝမ်း ကျောင်းပညာရပ်များ   သင်ကြား ပေးသည့်အပြင်    အလုပ်အကိုင်ရရှိ ရေးအတွက်  အထည်ချုပ်စက်ရုံ များနှင့်ချိတ်ဆက်ပြီး    အလုပ် အကိုင်အခွင့်အလမ်းများ    ဖန်တီး ပေးနိုင်ရန်ရည်ရွယ်၍    ဖွင့်လှစ် ပေးခြင်းဖြစ်သည်။       

 


ယနေ့အထိ    ခေတ်မီမော်တာ အထည်ချုပ်စက်     သင်တန်းဆင်း သင်တန်းသူ ၂၉၈၂ ဦး ကို       အထည်ချုပ်စက်ရုံများ  တွင်    အလုပ်ခန့်အပ်ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း   သိရသည်။    


သတင်းစဉ်