နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်မှု အခြေခိုင်မာလာတဲ့ အရှေ့တောင်အာရှဒေသ

Type
5

 

တက္ကသိုလ်မောင်ရူပ

 

အရှေ့တောင်အာရှဒေသအတွင်းမှာရှိတဲ့ မော်တော်ကားလမ်းနဲ့ ရထားလမ်းကွန်ရက်တွေ အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ ဒေသတွင်းမှာ ကုန်းလမ်းကနေ ကုန်စည်သယ်ယူပို့ဆောင်မှုအပေါ်  နိုင်ငံတကာက ပိုမိုမှီခိုအားထားနိုင်မှုကို မြင့်မားလာစေခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါ နိုင်ငံတကာမှာ ပျံ့နှံ့ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတကာ ရေကြောင်းကုန်စည် သယ်ယူပို့ဆောင်မှုမှာ အခက်အခဲနဲ့ အဟန့်အတားတွေ ရေရှည်ဖြစ်ပေါ်လာနေခြင်းကြောင့် လည်း ကုန်စည်ထောက်ပံ့ပို့ဆောင်မှု (supply chains) ကိုလည်း ပြန်လည်စိစစ်သုံးသပ်မှုတွေ ပြုလုပ်ဖို့ ဖြစ်လာစေခဲ့ပါတယ်။ အရှေ့တောင်အာရှဒေသမှာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုတွေကြောင့် စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေ  အလုပ်ခွင်လာရောက်နိုင်ခြင်းမရှိတာ၊ စက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်မှု တွေ ရပ်ဆိုင်းခဲ့တာကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။

 


မော်တော်ကားလမ်းအသစ်များ


ဘန်ကောက်မြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၇၀  လောက်အကွာဒေသမှာ   Nippon Express Holdings Inc. ရဲ့ ဒေသရုံးခွဲမှာရှိတဲ့ ဝန်ထမ်းတွေဟာ ကမ္ဘောဒီးယား၊  လာအိုနဲ့   ဗီယက်နမ်နိုင်ငံတို့ကို ကုန်ပစ္စည်းတွေ  ပေးပို့နိုင်ဖို့  အလုပ်များနေကြပါ တယ်။   ဒီနေရာကနေ   နေ့စဉ်  ထရပ်ကားအစီး ၃၀  ကနေ  ၄၀ အကြား  အဝင်အထွက်ရှိပါတယ်။ ဒီကုန်စည် အများအပြားရဲ့ ပိုင်ရှင်တွေက ဂျပန်နိုင်ငံ က ကုန်ပစ္စည်းထုတ်လုပ်သူတွေ  ဖြစ်ကြပါတယ်။ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nippon Express Holdings Inc. ဟာ ၁၉၉၀ ပြည့်နှစ်တွေက စပြီး ကုန်းလမ်းကနေ နယ်စပ်ဖြတ်ကျော် ကုန်စည် သယ်ယူပို့ဆောင်မှု    အလားအလာတွေအပေါ် သုတေသနပြု လေ့လာခဲ့ပါတယ်။ Nippon Express ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက မကြာသေးမီကာလက စပြီး  သူတို့ကုမ္ပဏီဟာ  ကုန်ပစ္စည်းတွေ  သယ်ယူ ပို့ဆောင်စဉ်မှာ တုန်ခါမှုတွေ ဖြစ်ပေါ်လို့မရတဲ့ တိတိ ကျကျ တိုင်းထွာတဲ့ စက်ပစ္စည်းကိရိယာ (precision equipment) တွေ   ကုန်းလမ်းခရီးကနေ   သယ်ယူ ပို့ဆောင်ပေးဖို့ အမှာစာတွေ အများအပြား လက်ခံ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 


မလေးကျွန်းဆွယ်မှာရှိတဲ့   ထိုင်းနိုင်ငံ၊  မလေး ရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို ဆက်သွယ်ထားတဲ့ မော်တော်ကားလမ်းမတွေဟာ ရေရှည်စနစ်တကျ ထိန်းသိမ်းမှုတွေ ရှိခဲ့ပါတယ်။ အင်ဒိုချိုင်းနားဒေသ မှာရှိတဲ့  မော်တော်ကားလမ်းတွေကတော့   အခြေ အနေဆိုးပါတယ်။  အချို့သော  လမ်းအပိုင်းတွေမှာ ဆိုရင် ဆယ်စုနှစ်တစ်စုလောက် ပြိုကျပျက်စီးနေ တာတွေတောင်    ရှိနေပါတယ်။    မကြာသေးမီ နှစ်တွေကစပြီး    ဂျပန်အပြည်ပြည်ဆိုင်ရာ   ဖွံ့ဖြိုး တိုးတက်ရေးအကူအညီ     (ODA)    အပါအဝင် ထောက်ပံ့ကူညီမှုတွေကြောင့် အင်ဒိုချိုင်းနား ဒေသ တွင်းမှာရှိတဲ့ လမ်းအခြေအနေတွေဟာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ 

 


အထူးသဖြင့် ဗီယက်နမ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်ထားတဲ့ အရှေ့-အနောက် စီးပွားရေးစင်္ကြံ (East-West Economic Corridor)၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဆက်သွယ်ထားတဲ့ တောင်-မြောက် စီးပွားရေးစင်္ကြံ (North-South Economic Corri-dor)၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ကို ဆက်သွယ်ထားတဲ့ တောင်ပိုင်းစီးပွားရေး စင်္ကြံ (Southern Economic corridor) တို့ အပါ အဝင်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း လာအို နိုင်ငံမှာ ပထမဆုံးအဝေးပြေးလမ်းမကြီးကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ    ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အသင်းအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးကတော့ မော်တော်ကားလမ်းကွန်ရက်အခြေအနေတွေ သိသိ သာသာ    တိုးတက်ကောင်းမွန်လာတဲ့အတွက် ပြည်တွင်းကုန်းလမ်း  သယ်ယူပို့ဆောင်မှုအပိုင်းမှာ ရော၊ နိုင်ငံတကာ  ကုန်းလမ်းကုန်စည်   ပို့ဆောင်မှု အပိုင်းမှာရော   ကြာမြင့်ချိန်တွေဟာ   အံ့ဘနန်း လျော့ကျလာခဲ့တယ်လို့     ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့    ထိုင်းနိုင်ငံရဲ့   ထုတ်ကုန် သွင်းကုန်အများစုဟာ   ပင်လယ်ရေလမ်းကြောင်း ကနေ      သယ်ယူပို့ဆောင်နေတာဖြစ်ပေမယ့် ကုန်းလမ်းခရီးကနေ သယ်ယူပို့ဆောင်မှုတွေလည်း သိသာထင်ရှားစွာ မြင့်မားလာနေပါတယ်။

 


ပင်လယ်ရေလမ်းကြောင်းဆိုင်ရာ အခက်အခဲများ


နိုင်ငံတကာနဲ့ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှု တွေ ပြန်လည်ပွင့်လင်းလာပြီ ဆိုနိုင်ပေမယ့် အမေရိ ကန်ပြည်ထောင်စုမှာ   ကိုဗစ်-၁၉   ကူးစက်ပျံ့နှံ့မှု တွေကြောင့်    ဆိပ်ကမ်းအလုပ်သမားတွေ   မလုံ လောက်တဲ့   အခက်အခဲကို    ရင်ဆိုင်နေရပါတယ်။ အာရှဒေသအပါအဝင် နိုင်ငံတကာမှာ ကွန်တိန်နာ တွေကို ပင်လယ်ရေကြောင်းလမ်းကနေ သယ်ယူ ပို့ဆောင်ရာမှာ ရေကြောင်းသယ်ယူ ပို့ဆောင်ကုန်ကျ စရိတ်တွေ အဆမတန်မြင့်မားလာသလို  ကုန်စည် ပို့ဆောင်မှုတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိလာ တာကြောင့်    ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကုမ္ပဏီ တွေဟာ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် လုပ်ငန်းစဉ်တွေအပေါ်    ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

 


အရှေ့တောင်အာရှဒေသမှာ ကုန်စည်ကူးသန်း ရောင်းဝယ်မှု  ပြုလုပ်နေတဲ့  ကုမ္ပဏီတစ်ခုမှ ဂျပန် နိုင်ငံသားတစ်ဦးက   “သူတို့ကုမ္ပဏီဟာ   စင်ကာပူ ကနေ ထိုင်းနိုင်ငံကို ပင်လယ်ရေလမ်းကြောင်းကနေ ကုန်ပစ္စည်းတွေပို့ဆောင်ဖို့ စုံစမ်းတဲ့အခါမှာ ကြိုတင် ရက်ချိန်းရဖို့တောင်   အခက်အခဲ   ကြုံတွေ့နေရတဲ့ အတွက် မလေးရှားကနေတစ်ဆင့်  ကုန်းလမ်းခရီး ကနေ သယ်ယူပို့ဆောင်နိုင်ဖို့ စဉ်းစားဆောင်ရွက်နေ ကြောင်း” ပြောကြားခဲ့ပါတယ်။ 

 


အလားတူ  မီဇူဟိုဘဏ်ရဲ့  မဲခေါင်ဒေသခွဲ  ၅ အကြီးအကဲဖြစ်တဲ့ Mr. Taro Hiyakawa ကတော့ “ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းမှာ အစိတ်အပိုင်း လေးတစ်ခု   ပို့ဆောင်နိုင်မှု   မရှိဘူးဆိုရင်တောင် ဆက်လက်ထုတ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေအပေါ် အကြီးအကျယ်သက်ရောက်မှု ရှိလာနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီအတော် များများဟာ အခုဆိုရင် “ယုံကြည်စိတ်ချရမှုရှိတဲ့ ပို့ဆောင်ရေးစနစ်” တွေကို ရှာဖွေလာကြပြီ ဖြစ်ပါ တယ်။ 

 


မြန်နှုန်းမြင့် မီးရထားများ 


ဒေသတွင်းမှာ ရထားလမ်းအသစ်တွေ ဖွင့်လှစ် လာနိုင်တာနဲ့အမျှ ကုန်တင်ရထားတွေ ပြေးဆွဲနိုင် မယ့် အလားအလာတွေကိုလည်း တိုးမြင့်လာစေခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ် နိုင်ငံတောင်ပိုင်း   ယူနန်ပြည်နယ်   ကူမင်းမြို့ကနေ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အထိ ပြေးဆွဲတဲ့ မြန်နှုန်း မြင့်ရထား စတင်ပြေးဆွဲနိုင်ခဲ့ပါတယ်။ လာအိုနိုင်ငံ အစိုးရသတင်းဌာနရဲ့ ဇန်နဝါရီလအတွင်း ထုတ်ပြန် ကြေညာချက် အရဆိုရင် ဒီရထားလမ်းကို အသုံးပြု ပြီး ကုန်ပစ္စည်းတန်ချိန် ၁ သိန်း နှစ်နိုင်ငံနယ်စပ်ဖြတ် ကျော် သယ်ယူပို့ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါ တယ်။ ဒီမြန်နှုန်းမြင့်ရထားလမ်းဟာ  တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကြီးမားကျယ်ပြန့်လှတဲ့ စီးပွား ရေး ဇုန်ကြီးတည်ထောင်မယ့် ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်တည် ဆောက်ခဲ့တာ ဖြစ်ပါတယ်။

 


တရုတ်နိုင်ငံဟာ  ဥရောပဒေသနဲ့လည်း  ၂၀၁၁ ခုနှစ်ကတည်းက စတင်ပြီး တရုတ်-ဥရောပ ရထား လမ်းကြောင်း   ဖွင့်လှစ်ထားရှိပြီးဖြစ်လို့     ဒီလမ်း ကြောင်းကနေ     ကုန်စည်ပို့ဆောင်မှုတွေလည်း များပြားလာခဲ့ပါတယ်။  အထူးသဖြင့်  နိုင်ငံတကာ စီးပွားရေး ကုမ္ပဏီကြီးတွေအတွက် ကုန်စည်ဖြန့်ဖြူး ရေးဆိုင်ရာ  ဆွဲဆောင်မှုတစ်ခု    ဖြစ်လာခဲ့ပါတယ်။ ကူမင်း-ဗီယင်ကျန်း   ရထားလမ်းအပိုင်းမှာလည်း တရုတ်နိုင်ငံရဲ့   ဒေသအသီးသီးက  ကုန်တင်ရထား တွေဟာ လာအိုနိုင်ငံဆီ ကုန်ပစ္စည်းတွေ တင်ပို့လျက် ရှိပါတယ်။ 

 


ထိုင်းနိုင်ငံကလည်း   ဒီရထားလမ်းကြောင်းကို အသုံးပြုပြီး သူ့ရဲ့လယ်ယာစိုက်ပျိုးရေး ထွက်ကုန် တွေကို တရုတ်နိုင်ငံရဲ့ ကြီးမားလှတဲ့ ဈေးကွက်ကြီး ဆီ တင်ပို့နိုင်ဖို့ လေ့လာသုံးသပ်မှုတွေ ပြုလုပ်နေ ပါတယ်။  ထိုင်းနိုင်ငံ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကတော့ ကူမင်း-ဗီယင် ကျန်းရထားလမ်းဟာ စီးပွားရေးအမြင်နဲ့  ပြောရရင် အလားအလာကောင်းတွေ      အများကြီးရှိပြီး ဒေသတွင်း  ကုန်စည်ဖြန့်ဖြူးမှုလုပ်ငန်းစဉ်အပေါ် အပြောင်းအလဲတွေ      ဖန်တီးလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

 


ထိုင်းနိုင်ငံအတွင်းမှာလည်း ကုန်စည်ဖြန့်ဖြူးမှုလုပ်ငန်းတွေအတွက်    ကုန်စည်ပို့ဆောင်ရေး ဆိုင်ရာ      ရထားလမ်းကြောင်းတွေ    တိုးချဲ့ တည်ဆောက်သွားမယ်၊   အထူးသဖြင့်    ကူမင်း-ဗီယင်ကျန်းရထားလမ်းနဲ့     ချိတ်ဆက်သွားနိုင်ဖို့ ဆောင်ရွက်သွားဖို့လည်း  ရှိတယ်လို့   ပြောကြားခဲ့ ပါတယ်။ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး Saksayam Chidchob က ထိုင်းနိုင်ငံဟာ အခု လက်ရှိမှာ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အထိ  လူစီး ရထားနဲ့  ကုန်စည်သယ်ယူပို့ဆောင်မှုရထားတွေ ပြေးဆွဲနေတဲ့အတွက် ကူမင်း-ဗီယင်ကျန်းရထား လမ်းနဲ့ ကွန်ရက်ချိတ်ဆက်သွားနိုင်ပြီဆိုရင် အခွင့်  အလမ်းတွေ အများကြီး ပေါ်ထွက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။   အခုဆိုရင်   လာအိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့  ထိုင်းနိုင်ငံ  နောင်ခိုင် ပြည်နယ်မှာ  လာအိုနိုင်ငံဘက်ကိုကူးတဲ့   ဒုတိယ မြောက် တံတားတစ်စင်းတည်ဆောက်ဖို့ ထိုင်းအစိုးရ က State Railway of Thailand  ကို  တာဝန် ပေးအပ်ထားပါတယ်။

 

 (ဆက်လက်ဖော်ပြပါမည်)