
နေပြည်တော် မေ ၅
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်နှင့် ဒုတိယဝန်ကြီးချုပ်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ Jeng Pheng နော်တောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အဖွင့်အမှာစကားပြောကြား
ဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့ကျင်းပပြုလုပ်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသည် မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလတွင် ပထမအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးပင် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နှင့် သမိုင်းစဉ်တစ်လျှောက် စည်းလုံး ညီညွတ်စွာ နေထိုင်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါ ကြောင်း၊ ကိုလိုနီနယ်ချဲ့၏ ကျွန်ဘဝကို နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ရပြီး နောက်ပိုင်း သွေးခွဲ အုပ်ချုပ်မှုကြောင့် အချင်းချင်းစည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရခြင်းဖြစ်ပါကြောင်း၊လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ ၏ ဖွံ့ဖြိုးတိုးတက်မှုသည် များစွာနောက်ကျခဲ့ကြရပါ ကြောင်း။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ က ၁၉၈၉ ခုနှစ်၊ မေ ၂၅ ရက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၁၉၈၉ ခုနှစ်မှ စတင် ပြီး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းကာ အထူးဖွံ့ဖြိုးရေး ဒေသများသတ်မှတ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ၁၉၉၂ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနကိုဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ် တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ၁၉၉၃ ခုနှစ် တွင် ပြဋ္ဌာန်းပေးခဲ့ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူ ချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို အဖွဲ့ဝင် ၂၂ ဦး၊ လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင် ရွက်ပေးခဲ့ပါကြောင်း။
တည်ငြိမ်အေးချမ်းရေးသည်အရေးအကြီး
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် ၆ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေး (Peace and Stability) သည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်း သား စည်းလုံးညီညွတ်ရေးကို အခြေခံပြီး ဆောင်ရွက် ရန်လိုအပ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူ ချိန်မှစပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေး၊ ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေး၊ ပြည်ထောင်စုတစ်ဝန်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတို့ကို အလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် စီးပွားရေးကဏ္ဍများ တိုးတက်လာစေ ရန်အတွက် လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံ များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအပြင် မူးယစ်ဆေးဝါးပပျောက်ရေး အတွက်လည်း စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ
နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးတို့သည် အပြန်အလှန်ဆက်စပ်နေပါကြောင်း၊ အလားတူ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးတက်ဖြစ်ထွန်းရန် အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် အလွန် အရေးကြီးသည့် အစိတ်အပိုင်းတွင် ပါဝင်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် နယ်စပ်ဒေသအသီးသီး၏ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပညာ ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုး/မွေးမြူရေး ကဏ္ဍ စသည့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီးသည် အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များအားလုံးကို နယ်စပ်ရေးရာဝန်ကြီး ဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက် သက်ဆိုင် သည့် ဝန်ကြီးဌာနအားလုံး ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်မည်လည်းဖြစ်ပါကြောင်း။
ပညာရေးကဏ္ဍ
နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသည်မှာ ပညာရည်မြင့်မားမှုဖြစ်ပါကြောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပြည်ထောင်စု တစ်ခုလုံး ကျောင်းစတက်ခဲ့ကြသည့် လူငယ်ပေါင်း ၁၉၄၄၁၇၁၁ ဦးရှိရာတွင် အလယ်တန်းအဆင့် (၅)တန်းတက်ရောက်သူ ၁၁၁၃၇၃၁၈ ဦးဖြစ်သဖြင့် တက်ရောက်ရာခိုင်နှုန်း ၅၇ ဒသမ ၂၉ ရာခိုင်နှုန်း၊ လျော့နည်းရာခိုင်နှုန်း ၄၂ ဒသမ ၇၁ ရာခိုင်နှုန်းရှိပါ ကြောင်း၊ (၈)တန်းအထိ တက်ရောက်ပညာသင်ကြား သူ ၇၇၈၇၄၁၂ ဦး၊ တက်ရောက်ရာခိုင်နှုန်း ၄၀ ဒသမ ၀၆ ရာခိုင်နှုန်းဖြင့် လျော့နည်းရာခိုင်နှုန်း ၅၉ ဒသမ ၉၄ ရာခိုင်နှုန်းရှိပါကြောင်း၊ ၆၀ ရာခိုင်နှုန်းခန့်ဖြစ်ပါ ကြောင်း၊ ထို့အထဲတွင် ကချင်ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၇၆ ဒသမ ၈၁ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၅၈ ဒသမ ၁၁ ရာခိုင်နှုန်း၊ ကယား ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၇၃ ဒသမ ၆ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၄၈ ဒသမ ၂၉ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၅၃ ဒသမ ၅၃ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၁ ဒသမ ၁ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၅၇ ဒသမ ၉၃ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၇ ဒသမ ၄၅ ရာခိုင်နှုန်း၊ မွန် ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၅၉ ဒသမ ၅ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၇ ဒသမ ၈ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၄၁ ဒသမ ၅၅ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၂၉ ဒသမ ၇၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၄၈ ဒသမ ၂၈ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၀ ဒသမ ၉ ရာခိုင်နှုန်း၊ တနင်္သာရီ တိုင်းဒေသကြီးမှ (၅)တန်း တက်ရောက်သူ ၅၆ ဒသမ ၂ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၁ ဒသမ ၃၃ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပါကြောင်း၊ အဆိုပါ အချက်အလက်များအရ နယ်စပ်ဒေသပညာရေး မြှင့်တင်မှုသည် ထိုထက်ပိုမို ဆောင်ရွက်ရန်လိုပါ ကြောင်း၊ မိမိတို့အစိုးရ၏ ပညာရေးမျှော်မှန်းချက် သည် ကျောင်းနေအရွယ်အားလုံး အနိမ့်ဆုံး KG+9 အောင်မြင်ရေးဖြစ်သည့်အတွက် တိုင်းရင်းသား အားလုံး ပညာရည်မြင့်မားရေး အလေးထား ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း။
ကျန်းမာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍကိုကြည့်မည်ဆိုပါက၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ မျှော်မှန်းသက်တမ်းသည် ကျား ၆၃ ဒသမ ၄ နှစ်၊ မ ၇၂ ဒသမ၂ နှစ်၊ ပျမ်းမျှ သက်တမ်း ၆၇ ဒသမ ၇ နှစ် ဖြစ်ပါကြောင်း၊ ကချင် ပြည်နယ်တွင် ကျား ၆၂ ဒသမ ၇ နှစ်၊ မ ၇၂ ဒသမ၂ နှစ်၊ ပျမ်းမျှသက်တမ်း ၆၇ ဒသမ ၄ နှစ်၊ ကယား ပြည်နယ်တွင် ကျား ၆၂ ဒသမ ၅ နှစ်၊ မ ၇၃ နှစ်၊ ပျမ်းမျှသက်တမ်း ၆၇ ဒသမ ၆ နှစ်၊ ကရင်ပြည်နယ်တွင် ကျား ၆၁ ဒသမ ၃ နှစ်၊ မ ၇၀ ဒသမ ၁ နှစ်၊ ပျမ်းမျှ သက်တမ်း ၆၅ ဒသမ ၆ နှစ်၊ ချင်းပြည်နယ်တွင် ကျား ၆၁ နှစ်၊ မ ၆၇ ဒသမ ၅ နှစ်၊ ပျမ်းမျှသက်တမ်း ၆၄ ဒသမ ၂ နှစ်၊ မွန်ပြည်နယ်တွင် ကျား ၆၁ ဒသမ ၈ နှစ်၊ မ ၇၂ နှစ်၊ ပျမ်းမျှသက်တမ်း ၆၆ ဒသမ ၈ နှစ်၊ ရခိုင်ပြည်နယ်တွင် ကျား ၆၄ ဒသမ ၆ နှစ်၊ မ ၇၂ ဒသမ ၂ နှစ်၊ ပျမ်းမျှသက်တမ်း ၆၈ ဒသမ ၃ နှစ်၊ ရှမ်း ပြည်နယ်တွင် ကျား ၆၃ ဒသမ ၇ နှစ်၊ မ ၇၂ ဒသမ ၃ နှစ်၊ ပျမ်းမျှသက်တမ်း ၆၇ ဒသမ ၉ နှစ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ကျား ၆၅ ဒသမ ၁ နှစ်၊ မ ၇၁ ဒသမ ၉ နှစ်၊ ပျမ်းမျှသက်တမ်း ၆၈ ဒသမ ၄ နှစ် ပျမ်းမျှဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကို ပိုမိုလုပ်ဆောင်ရန် လိုပါကြောင်း။
အလားတူ စိုက်ပျိုး/မွေးမြူရေးသည် မိမိတို့နိုင်ငံ ၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်ပါကြောင်း၊ တိုင်းပြည် စားရေရိက္ခာပေါများရေး၊ ဒေသအလိုက် ဝမ်းစာဖူလုံရေးသည် မိမိတို့၏ မျှော်မှန်းချက်ဖြစ်ပါ ကြောင်း၊ အခြေခံစားကုန်များ၊ သားငါးများ ဒေသ အလိုက် ဖူလုံအောင် ကြိုးစားရမည်ဖြစ်သကဲ့သို့ စိုက်ပျိုး/မွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြင့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးသည်လည်း ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရရှိထားသည့်ရလဒ်များ ကို ကျေနပ်မနေဘဲ အရေအတွက်ရော အရည်အသွေး ပါ ပိုမိုကောင်းမွန်သည့် စိုက်/မွေး ထုတ်ကုန်များရရှိ အောင် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ နယ်စပ် ဒေသအများစုသည် တောင်တန်းဒေသများဖြစ်ပြီး မြေပြန့်နည်းပါးပါကြောင်း၊ ထို့ကြောင့် အများစုသည် တောင်ယာ၊ ကုန်းမြင့်လယ်နှင့် ဥယျာဉ်များသာ စိုက်ပျိုးကြသည့်အတွက် စနစ်ကျနသည့် စိုက်ပျိုးမှု ပြုလုပ်နိုင်စေရေး စီမံပေးရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားတက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက် အောင် ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို များစွာလျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူ ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ နွား မွေးမြူရေးများကို ထူထောင်ပေးခြင်းဖြင့် ဝင်ငွေ ကောင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်အများစုတွင် စတင်ဖွင့်လှစ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာအထက်တန်း ကျောင်းများတွင် အင်တိုက်အားတိုက် ပညာ သင်ကြားနိုင်ရေး ကူညီပေးပြီး ပညာတတ်များ မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ သိပ္ပံများ၊ ကောလိပ်များ၊ တက္ကသိုလ်များတွင် ပညာဆက်လက် သင်ကြားနိုင်ရေး၊ ပညာရှင်များ မွေးထုတ်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုတေသန များကိုလည်း ထိရောက်စွာပြုလုပ်ပြီး အဆိုပါ ကဏ္ဍ များ တိုးတက်အောင်လုပ်ရမည်ဖြစ်ပါကြောင်း။
သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးသည် လည်း ဒေသဖွံ့ဖြိုးရေးတွင် များစွာအရေးပါကြောင်း၊ ဆက်သွယ်ရေးကောင်းမွန်မှုသည် ဒေသစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ခြင်းကြောင့် ဆက်သွယ်မှု ကွန်ရက်များ ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး လွှမ်းခြုံသည့် ဆက်သွယ်ရေးကွန်ရက် ဆောင်ရွက် ရန်လိုကြောင်း၊ လူမှုစီးပွားအထောက်အကူပြုမည့် ဒေသအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ ယခု ထက် ပိုမိုဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ကြ ရမည်ဖြစ်ပါကြောင်း။
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ် အဆက်ဆက် အစိုးများသည် မဟာဗျူဟာလုပ်ငန်း စဉ်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ မိမိတို့၏ တိုင်းရင်းသားညီအစ်ကိုများ၊ မိမိတို့၏ ပြည်သူများ မှီတင်းနေထိုင်ကြသည့် နယ်စပ်ဒေသများတွင် လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်လက် ဆောင်ရွက်သွားရမည့် လုပ်ငန်းကဏ္ဍများ များစွာရှိ သေးသည်ကိုလည်း သုံးသပ်တွေ့ရှိရမည်ဖြစ်ပါ ကြောင်း။
နိုင်ငံတော်က နယ်စပ်ဒေသနေ တိုင်းရင်းသား လူငယ်များအတွက် ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးလုပ်ငန်းများ ကိုလည်း အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် အခြေခံပညာကဏ္ဍတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၇ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူ ၃၃၀၀၇ ဦး ပညာသင်ကြား ပေးနိုင်ခဲ့ကာ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်း ကျောင်းပညာများ ဆက်လက်သင်ကြားနိုင်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
အဆင့်မြင့်ပညာကဏ္ဍ
အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အထိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ကျောင်းသား ကျောင်းသူ ၁၄၀၅၈ ဦးတို့ကို မဟာပညာရေးဘွဲ့၊ မဟာဒဿနပညာရေးဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာ အတတ်ပညာဒီပလိုမာ၊ အလယ်တန်းဆရာအတတ် ပညာ၊ အထူးမူလတန်းဆရာ အတတ်ပညာ၊ မူလ တန်းဆရာအတတ်ပညာများ တတ်မြောက်အောင် သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ရန်ကုန်နှင့်စစ်ကိုင်းတို့တွင် လည်း ကျောင်းသား ကျောင်းသူ ၄၇၀၁ ဦးတို့ကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ AGTI ၊ B.Tech ဘွဲ့များရရှိအောင် သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်နယ်/ တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့များတွင် နိုင်ငံ့ ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေ ကြပြီဖြစ်ပါကြောင်း။
သက်မွေးပညာကဏ္ဍ
သက်မွေးပညာကဏ္ဍအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ၉ ကျောင်း ဖွင့်လှစ်ပြီး သင်တန်းသား ၆၀၇၇ ဦးကို ဆောက်လုပ်ရေး၊ စက်ပြင်၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ် စက်ပြင်၊ လက်ကိုင်ဖုန်းပြင်၊ အလူ မီနီယံ ၊ EFI အင်ဂျင်သင်တန်းများ ပို့ချပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၄၇ ကျောင်းတွင် သင်တန်းသူ ၉၅၀၂၂ ဦး သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ပုဂ္ဂလိက အထည်ချုပ်စက်ရုံများနှင့် ကိုယ်ပိုင်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း။
တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု
နယ်စပ်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံးနှင့် သက်ဆိုင်ပြီး အလွန် အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ နယ်စပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများ အကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတွေလည်း တိုးတက်လာမှာပဲ ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှု နှင့် တည်ငြိမ်အေးချမ်းမှုရှိမှလည်း ဖွံ့ဖြိုးရေးလုပ်ငန်း များကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မည်မျှဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပါစေ အဖျက်လုပ်ငန်းကြောင့် အကျိုးမခံစားရသည်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ရခြင်း များသည် ဆုံးရှုံးမှုများသာဖြစ်ပါကြောင်း၊ တံတားများ မိုင်းထောင်ဖျက်ဆီးခြင်း၊ အဆောက်အဦများ မီးရှို့ ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေးစခန်းများ မိုင်းထောင် ဖျက်ဆီးခြင်း၊စစ်မက်ဖြစ်ပွားအောင် ဆောင်ရွက်နေ ခြင်းသည် ဒေသအတွက် အကျည်းတန်သည့်၊ လုံးဝ မဖြစ်သင့်သည့် အကြောင်းအရာများ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက လိုလား တောင့်တနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ် သည့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းမှ ရရှိ နိုင်သည်ကို အလေးအနက် သတိမူကြရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် တာဝန်ယူခဲ့ရသည့် ကာလအတွင်းတွင် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိ ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင် ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါကြောင်း၊ ထိုသို့ ဖိတ်ခေါ်ခဲ့ သည့်အတွက် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီး ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် လက်နက် ကိုင် ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့က ကိုယ်စားလှယ်များနှင့့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့် ရလဒ်များလည်း ရရှိနေပြီဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်ရှိလာခြင်း မရှိသေးသည့် တိုင်းရင်းသားအဖွဲ့ အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက်များ မထားဘဲတွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲ တံခါး ဖွင့် ကြိုဆိုထားသည်ကို ထပ်မံအသိပေး ပြောကြား လိုပါကြောင်း။
နယ်စပ်ဒေသများအပါအဝင် ပြည်ထောင်စုကြီး ၏ နယ်မြေအားလုံး အကြားအလပ်မရှိ ဆူကြုံနိမ့်မြင့် ကွာဟနေမှုများ လျော့နည်းကျဆင်းပြီး ပြည်ထောင်စု ကြီး တစ်ခုလုံး တစ်စည်းတစ်လုံးတည်း မကွဲမပြား ညီညီညွတ်ညွတ် ဖွံ့ဖြိုးတိုးတက်ရမည် ဆိုသည့် မွန်မြတ်သော ရည်မှန်းချက်ကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်မှုတိုးတက်မှု ရရှိနေ သည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လမ်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၁၂ ရပ်တို့ကို အခိုင်အမာချမှတ်ထားပြီးဖြစ်သည့်အတွက် နယ်စပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် အလေးအနက်ထား အကောင်အထည်ဖော်ခြင်းအား ဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ထိရောက်စွာ အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ပါ ကြောင်း။
နယ်စပ်ဒေသများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရင်း တစ်ဖက်မှ လည်း နယ်စပ်ဒေသများ၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထူထောင်ပေးနိုင်ရေး ကြိုးပမ်းကြရန် လိုအပ်ပါကြောင်း၊ တည်ငြိမ်အေးချမ်း ပြီး တရားဥပဒေ စိုးမိုးမှုခိုင်မာမှသာ ဖွံ့ဖြိုးတိုးတက် မှုလုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မည် ဆိုသည်ကိုလည်း မျက်ခြည်မပြတ်ကြရန် လိုအပ်ပါ ကြောင်း။
ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား
အရင်းအမြစ်များ ဖြစ်ပေါ်လာစေရေး
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီအဆင့်ဆင့်တို့ အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များကို ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် ရည်မှန်းချက်များနှင့်အညီ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားကြရန်နှင့်နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ခိုင်မာစေရေးတို့ကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက်ဗဟိုကော်မတီအတွင်းရေးမှူး နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဗဟိုကော်မတီ ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ၊ မူဝါဒ၊ ရည်မှန်း ချက်များ၊ လုပ်ငန်းစဉ်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်း ဆောင် ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ကဏ္ဍအလိုက်ဆွေးနွေးတင်ပြ
ယင်းနောက် ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ကောင်စီဝင်များက နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ အကြံပြုတင်ပြကြသည်။ ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က တပ်မတော်မှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် ဖိဖိစီးစီးဖြင့် တွန်းအားပေး ဆောင်ရွက်သွားရန်၊ တိုင်းရင်းသား ဒေသအားလုံး အကြားအလပ်မရှိ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ပြီး မြန်မာဆိုသည့် စိတ်ဓာတ်ဖြစ်ပေါ်လာစေရေး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်သွားကြရန်၊ စက်မှု လက်မှုလုပ်ငန်းများဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် တက်တက်ကြွကြွဖြင့် ဆောင်ရွက် သွားကြရန် တိုက်တွန်းဖြည့်စွက်ဆွေးနွေးသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် ဝန်ကြီးချုပ်က နယ်စပ်ဒေသများတွင် ပညာရေးကဏ္ဍ အားနည်းသည်ကို တွေ့ရပါကြောင်း၊ နယ်စပ်ဒေသနှင့် ကျေးလက်ဒေသများရှိကျောင်းများ အဆောက်အအုံ နှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဦးစားပေးဆောင်ရွက်ရန် နှင့် သင်ထောက်ကူပစ္စည်းများနှင့် ဝန်ထမ်းရေးရာ ပြည့်စုံရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွား ရန် လိုအပ်ပါကြောင်း၊ နယ်စပ်ဒေသများအတွက် ဆက်သွယ်ရေး (Communication ) သည် အဓိကကျ သောကြောင့် မဖြစ်မနေဆက်သွယ်မှုရရှိနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊
တစ်နိုင်ငံလုံး ဆက်သွယ်ရေးလွှမ်းခြုံမှုရအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကုန်လမ်းသွားလာ ရေးခက်ခဲသည့် နေရာဒေသများသို့ လေကြောင်းလိုင်း နှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုအပ်ပါကြောင်း၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် သင်တန်းကျောင်းမှ သင်တန်းသား များကို ကျေးလက်အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင် ရွက်နိုင်စေရေး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါ ကြောင်း၊ သို့မှသာ တိုင်းရင်းသားလူငယ်များသည် မိမိဒေသအကျိုးအတွက် အုပ်ချုပ်ရေးပိုင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း။
သက်ဆိုင်ရာဝန်ကြီးဌာနမှ
တာဝန်ယူဆောင်ရွက်ပေးသွားရန်လိုအပ်
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသ၊ ရေမြေသဘာဝနှင့်ကိုက်ညီ စေရေးအတွက် သုတေသနပြုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျေးလက် သမဝါယမအသင်းများ ဖွဲ့စည်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်မီ နည်းစနစ်များ အသုံးပြုနိုင်ရေး အသိပညာပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျေးလက် ဒေသများတွင် အသေးစားရေအားလျှပ်စစ်ထုတ်ယူရရှိရေးနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ နိုင်ငံ တစ်နိုင်ငံအတွက် ပညာရေးဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသည့်အတွက် အခြေခံပညာကျောင်းများ တွင် အရည်အချင်း ပြည့်ဝသည့် ဆရာ ဆရာမများကို ခန့်ထားပေးပြီး ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာတတ်မြောက်ပြီး လူငယ်များအနေဖြင့် ဒေသတွင်း အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဦးဆောင်နိုင်သည် အထိပြုစု ပျိုးထောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ကျေးလက်ဒေသများတွင် သူနာပြု၊ လက်ထောက်ကျန်းမာရေးမှူးနှင့် ကျန်းမာရေးမှူး များ ပြည့်စုံစွာခန့်ထားနိုင်ရေး ဦးစားပေးဆောင် ရွက်ရန်နှင့် ဝေးလံခေါင်းပါးသည့်နေရာများတွင် အနည်းဆုံးမြို့နယ်အဆင့်အထိ ဆရာဝန်များ ဖြည့်ဆည်းနိုင်ရေး အဆင့်ဆင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
နိုင်ငံအနာဂတ်ကောင်းမွန်ရေး
ကြိုးပမ်းဆောင်ရွက်သွားရမည်
ပါတီစုံဒီမိုကရေစီ ခေတ်သို့ပြောင်းလဲပြီးနောက် ပိုင်းတွင် ပထမဆုံးအစည်းအဝေးဖြစ်ကြောင်း၊ မိမိ တို့တိုင်းပြည်သည် နယ်စပ်ဒေသအပါအဝင် ပြည်နယ် နှင့် တိုင်းအစွန်အဖျားများ၌ အကြောင်းအမျိုးမျိုး ကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသည်ကို စိတ်မကောင်း ဖွယ်တွေ့မြင်ရကြောင်း၊ အာဆီယံတွင်လည်း ဖွံ့ဖြိုး တိုးတက်မှုနောက်ကျသည့် နိုင်ငံ ၄ နိုင်ငံတွင်ပါဝင်နေ ကြောင်း၊ အဓိကအားဖြင့် တည်ငြိမ်အေးချမ်းမှုမရှိခြင်း ကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နည်းပါးသည်ကိုတွေ့ရှိရ ကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ မြင့်မားနေသည်ကို ဆန်းစစ်ချက်များအရတွေ့ရ ကြောင်း၊ အဆိုပါအချက်များကြောင့် မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာဆောင်ရွက်ရန်လို နေသေးကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ ထွက်ကုန်များဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ မိမိတို့ဗဟိုကော်မတီအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ ကျေးလက်ကိုအခြေခံ၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေးချက်များကို ပြန်လည်သုံးသပ်၍ မိမိတို့ဆောင်ရွက်ရမည့် မူဝါဒ ကိုချမှတ်နိုင်မည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ် မှုများကောင်းမွန်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်း ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို ခိုင်မာ စွာထိန်းသိမ်းနိုင်သည့် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိ သည့် တိုင်းရင်းသား လူငယ် လူရွယ်များ ပေါ်ထွက် လာအောင်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံအနာဂတ် ကောင်းမွန်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဖြည့်စွက်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အစည်းအဝေးတွင်လုပ်ငန်း ကော်မတီနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသ ဆိုင်ရာ လုပ်ငန်းကော်မတီများမှ ဆောင်ရွက်နေသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပက်သက်ပြီး ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်ကို တွေ့ရပါ ကြောင်း။
ဆွေးနွေးချက်များနှင့် အကြံပြုချက်များသည် မိမိတို့နိုင်ငံ၏ နယ်စပ်ဒေသများနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ဒေသနေတိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်က မွန်မြတ်သည့်စေတနာနှင့် ငွေကြေး မြောက်မြားစွာ အကုန်အကျခံ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော်၏စေတနာနှင့် မျှော်မှန်းထား သည့်အတိုင်း နယ်စပ်ဒေသများတွင်ရှိသည့် တိုင်းရင်းသားလူမျိုးအားလုံး၏ လူနေမှုအဆင့် အတန်းနှင့် လူမှုစီးပွားဘဝများ မြင့်မားလာစေရန် အရေးကြီးပါကြောင်း။
နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် အပြန်အလှန် ဆက်စပ်နေပါကြောင်း၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးမရှိသည့် ဒေသများတွင် ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်မည်မဟုတ်သကဲ့သို့ ဖွံ့ဖြိုး တိုးတက်မှုမရှိပါကလည်း ငြိမ်းချမ်းရေးသည် ရေရှည် တည်တံ့ခိုင်မြဲမည် မဟုတ်သည်ကို သတိပြုစေလိုပါ ကြောင်း၊ နယ်စပ်ဒေသများသည် နယ်မြေဧရိယာ ကျယ်ပြန့်သလောက် လူဦးရေသိပ်သည်းဆ နည်းပါး ပါကြောင်း၊ ပြည်မနှင့်ကူးလူးဆက်ဆံရန် ခက်ခဲသည့် အတွက် အခြေခံကျသော လမ်းပန်းဆက်သွယ်မှုများ ကိုလည်း များစွာတိုးချဲ့ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လိုအပ်သည့်ဒေသများတွင် ဆက်လက်လုပ်ဆောင် ပေးကြရမည် ဖြစ်ပါကြောင်း။
လုပ်ငန်းများအချိန်မီပြီးစီးရေး
တွန်းအားပေးဆောင်ရွက်
နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ပေးနိုင်ရန်အတွက် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းစေရန်လည်း အထူးလိုအပ်ပါ ကြောင်း၊ နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာ၌ နယ်မြေအခြေအနေ ကန့်သတ် ချက်၊ ရာသီဥတုအခြေအနေ ကန့်သတ်ချက်နှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများအပေါ် မူတည်၍ ခက်ခက်ခဲခဲဆောင်ရွက်နေရခြင်းများ ရှိနေ သော်လည်း သတ်မှတ်ဘဏ္ဍာရေးနှစ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး တာဝန်ရှိသူများ အနေဖြင့် တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း။
နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အိန္ဒိယသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ အပါအဝင် အကူအညီပေးအပ်ထားသည့် ရန်ပုံငွေများ နှင့် နယ်စပ်ဒေသ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း။
ထိုသို့ မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ သည် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ အတွက် များစွာအထောက်အကူပြုစေနိုင်သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုနှင့် နယ်စပ်ဒေသရှိ လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများ အမြန်ဖွံ့ဖြိုးတိုးတက်စေ ရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေရေး ရည်မှန်းချက်များ အောင်မြင်စေရန် အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ပြီး ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်