
နေပြည်တော် မတ် ၅
နိုင်ငံတော် အစိုးရအနေဖြင့် နယ်စပ်ဒေသများ အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိ ပြီး အချို့သော ပြည်ပနိုင်ငံသား များအနေဖြင့် နယ်စပ်ဒေသများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင် လျက်ရှိကြောင်း သိရှိရသည့် အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်း များက လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ကာ ဥပဒေနှင့်အညီဆောင် ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများ သို့ ပြန်လည်လွှဲပြောင်းပေးအပ် လျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ခြင်း များ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ မတ် ၅ ရက်အထိ တရုတ်နိုင်ငံသား ၁၉၆၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၈ ဦး၊ ထိုင်းနိုင်ငံသား ၉၃ ဦး၊ အိန္ဒိယနိုင်ငံသား ၃၃ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦးတို့ အပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၂၂၀၁ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံ လွှဲပြောင်းပေးနိုင်ခဲ့ခြင်း ကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၅ ရက် အထိ တရုတ်နိုင်ငံသား ၅၀၇၇၂ ဦး အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၂၈၂၀ ကို စိစစ် ဖော်ထုတ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက် နိုင်ခဲ့သည်။
နိုင်ငံတော် အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ် ဖော်ထုတ်ခြင်းနှင့် ပြန်လည် လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်