နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

 

နေပြည်တော်  ဒီဇင်ဘာ  ၂၃
နိုင်ငံတော်အစိုးရ     အနေဖြင့် နယ်စပ်ဒေသများ    အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့်     တရားဥပဒေစိုးမိုးရေးကို အလေးထား    ဆောင်ရွက်လျက် ရှိပြီး အချို့သောပြည်ပနိုင်ငံသား များအနေဖြင့် နယ်စပ်ဒေသများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်   ဝင်ရောက်နေထိုင် လျက်ရှိကြောင်း    သိရှိရသည့် အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်း များမှ   လိုအပ်သည့်  စိစစ်မှုများ ပြုလုပ်ကာ      ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး  သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ခြင်း များ    ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာ ၁၆ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၂၂၉ ဦး၊ အမျိုးသမီး ၃၉ ဦး  စုစုပေါင်း ၂၆၈ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ ပြီး ထပ်မံ လွှဲပြောင်းပေးနိုင်ခဲ့ခြင်း ကြောင့်  ၂၀၂၃ ခုနှစ် အောက်တို ဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက် အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁၄ ဦး၊ အမျိုးသမီး ၁၄၀၂ ဦး စုစုပေါင်း ၁၂၃၁၆ ဦး ဖော်ထုတ် ရရှိခဲ့၍  ဥပဒေနှင့်အညီ   လိုအပ် သည့်  စိစစ်ခြင်းများ  ဆောင်ရွက် ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ   တာဝန်ရှိသူများထံသို့   စနစ် တကျ ပြန်လည်လွှဲပြောင်းပေးအပ် ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံတော်   အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်    နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား  စိစစ် ဖော်ထုတ်ခြင်းနှင့်     ပြန်လည် လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်