နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

 

နေပြည်တော်  ဒီဇင်ဘာ  ၇
နိုင်ငံတော်     အစိုးရအနေဖြင့် နယ်စပ်ဒေသများ   အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့်     တရားဥပဒေစိုးမိုးရေးကို အလေးထား   ဆောင်ရွက်လျက် ရှိပြီး အချို့သော  ပြည်ပနိုင်ငံသား များအနေဖြင့်  နယ်စပ်ဒေသများ မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်   ဝင်ရောက်နေထိုင် လျက်ရှိကြောင်း   သိရှိရသည့် အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်း များမှ  လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ကာ       ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး  သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ခြင်း များကို    ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်    တရုတ်နိုင်ငံသား အမျိုးသား ၇၁  ဦး၊ အမျိုးသမီး  ရှစ်ဦး   စုစုပေါင်း   ၇၉   ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး    ထပ်မံ လွှဲပြောင်း   ပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်  အောက်တိုဘာ ၃၁ ရက်မှ    ဒီဇင်ဘာ ၇  ရက်အထိ တရုတ်နိုင်ငံသား     အမျိုးသား ၁၀၁၀၁ ဦး၊ အမျိုးသမီး ၁၂၃၈ ဦး စုစုပေါင်း    ၁၁၃၃၉     ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့်       စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ သို့ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းများ   ဆောင်ရွက်နိုင် ခဲ့သည်။
နိုင်ငံတော်    အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ   တရားမဝင် ဝင်ရောက်   နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား   စိစစ် ဖော်ထုတ်ခြင်းနှင့်    ပြန်လည် လွှဲပြောင်းခြင်း  လုပ်ငန်းစဉ်များ ကို  ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။         သတင်းစဉ်