နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

 

နေပြည်တော်   ဒီဇင်ဘာ  ၅
နိုင်ငံတော်အစိုးရအနေဖြင့်    နယ်စပ်ဒေသများ အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ် ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရား မဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့် အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင် ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသား  အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၀၄ ဦးကို စိစစ် ဖော်ထုတ်ရရှိခဲ့ပြီး    ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်း ကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ  ၃၁   ရက်မှ ဒီဇင်ဘာ ၅ ရက် အထိ တရုတ်နိုင်ငံသား အမျိုးသား ၉၉၆၂ ဦး၊ အမျိုးသမီး ၁၂၂၁ ဦး စုစုပေါင်း ၁၁၁၈၃ ဦး တို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ခဲ့ကာ      တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ   တာဝန်ရှိသူများထံသို့   စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင် ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့်   ပြည်ပ နိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည် လွှဲပြောင်းခြင်း    လုပ်ငန်းစဉ်များကို    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း      သတင်းရရှိ   သည်။
  သတင်းစဉ်