နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

 

နေပြည်တော်   နိုဝင်ဘာ  ၂၃


နိုင်ငံတော်     အစိုးရအနေဖြင့် နယ်စပ်ဒေသများ     အပါအဝင် နိုင်ငံတော်  တည်ငြိမ်အေးချမ်းရေး နှင့်     တရားဥပဒေစိုးမိုးရေးကို အလေးထား    ဆောင်ရွက်လျက် ရှိပြီး  အချို့သော  ပြည်ပနိုင်ငံသား များအနေဖြင့်   နယ်စပ်ဒေသများ မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်      ဝင်ရောက်နေထိုင် လျက်ရှိကြောင်း     သိရှိရသည့် အတွက်     အုပ်ချုပ်ရေးအဖွဲ့ အစည်းများမှ  လိုအပ်သည့်    စိစစ် မှုများ      ပြုလုပ်ကာ     ဥပဒေနှင့် အညီ        ဆောင်ရွက်နိုင်ရေး    သက်ဆိုင်ရာ         နိုင်ငံများသို့       ပြန်လည်လွှဲပြောင်း ပေးအပ်လျက် ရှိသည်။


ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို     ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း တရုတ်နိုင်ငံသား အမျိုးသား ၇၈၈ ဦး၊  အမျိုးသမီး ၁၄၄ ဦး    စုစုပေါင်း ၉၃၂ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး    ထပ်မံ လွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်   အောက်တိုဘာ ၃၁ ရက်မှ   နိုဝင်ဘာ ၂၃ ရက်အထိ တရုတ်နိုင်ငံသား     အမျိုးသား ၅၆၁၂ ဦး၊   အမျိုးသမီး ၅၂၆ ဦး၊ စုစုပေါင်း ၆၁၃၈ ဦးတို့ကို   ဖော် ထုတ်ရရှိခဲ့ပြီး      ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင် ရွက်ခဲ့ကာ  တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ     တာဝန်ရှိသူများထံသို့ စနစ်တကျ  ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ   ဆောင်ရွက် နိုင်ခဲ့သည်။


နိုင်ငံတော်  အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ   တရားမဝင် ဝင်ရောက်   နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား  စိစစ် ဖော်ထုတ်ခြင်းနှင့်      ပြန်လည် လွှဲပြောင်းခြင်း   လုပ်ငန်းစဉ်များ ကို   ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း   သတင်းရရှိ သည်။ 


သတင်းစဉ်