နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

 

နေပြည်တော်    နိုဝင်ဘာ    ၂၂


နိုင်ငံတော်အစိုးရ    အနေဖြင့် နယ်စပ်ဒေသများ   အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့်    တရားဥပဒေစိုးမိုးရေးကို အလေးထား  ဆောင်ရွက်လျက်ရှိ ပြီး အချို့သော  ပြည်ပနိုင်ငံသား များအနေဖြင့် နယ်စပ်ဒေသများ မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်   ဝင်ရောက်နေထိုင် လျက်ရှိကြောင်း    သိရှိရသည့် အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်း များမှ   လိုအပ်သည့်စိစစ်မှုများ ပြုလုပ်ကာ      ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး  သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။


စနစ်တကျပြန်လည်လွှဲပြောင်း


ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို   ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁ ဦး၊ အမျိုးသမီး ၁၉၇ ဦး စုစုပေါင်း ၁၂၈၈  ဦးကို စိစစ်ဖော်ထုတ်   ရရှိခဲ့ပြီး ထပ်မံ လွှဲပြောင်း  ပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်   အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ   ၂၂   ရက်အထိ တရုတ်နိုင်ငံသားအမျိုးသား ၄၈၂၄ ဦး၊ အမျိုးသမီး ၃၈၂ ဦး စုစုပေါင်း ၅၂၀၆ ဦး တို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ် ခြင်းများဆောင်ရွက်ခဲ့ကာ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူ များထံသို့   စနစ်တကျပြန်လည် လွှဲပြောင်း      ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။


ဆက်လက်ဆောင်ရွက်သွားမည်


နိုင်ငံတော်အစိုးရ   အနေဖြင့် နယ်စပ်ဒေသများမှ    တရားမဝင် ဝင်ရောက်   နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား      စိစစ် ဖော်ထုတ်ခြင်းနှင့်    ပြန်လည် လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်