နယ်စပ်ဒေသများ၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

 

နေပြည်တော်   နိုဝင်ဘာ   ၂၁


နိုင်ငံတော်အစိုးရ          အနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံ တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေး ထား ဆောင်ရွက်လျက်ရှိပြီး အချို့ သော ပြည်ပနိုင်ငံသားများအနေ ဖြင့် နယ်စပ်ဒေသများမှတစ်ဆင့်  မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက်      အုပ်ချုပ် ရေး  အဖွဲ့အစည်းများမှ   လိုအပ် သည့်    စိစစ်မှုများ   ပြုလုပ်ကာ    ဥပဒေနှင့်အညီ       ဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက် ရှိသည်။


ထိုသို့လွှဲပြောင်းပေးအပ်ခြင်း များကို    ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း     တရုတ်နိုင်ငံ သား အမျိုးသား ၁၈၁၆ ဦး၊ အမျိုး သမီး ၄၃ ဦး၊ စုစုပေါင်း ၁၈၅၉ ဦးကို      စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်း    ပေးနိုင်ခဲ့ခြင်း ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၁ ရက် အထိ တရုတ်နိုင်ငံသား အမျိုးသား ၃၇၃၃  ဦး၊  အမျိုးသမီး ၁၈၅ ဦး၊ စုစုပေါင်း ၃၉၁၈ ဦးတို့ကို ဖော်ထုတ် ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ် သည့် စိစစ်ခြင်းများ ဆောင်ရွက် ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ   တာဝန်ရှိသူများထံသို့    စနစ် တကျ ပြန်လည်လွှဲပြောင်းပေးအပ် ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။


နိုင်ငံတော်အစိုးရ      အနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင်  ဝင်ရောက်   နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား     စိစစ် ဖော်ထုတ်ခြင်းနှင့်       ပြန်လည် လွှဲပြောင်းခြင်း    လုပ်ငန်းစဉ်များ ကို     ဆက်လက်    ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်