နျူကလီးယားနှင့်ဆက်စပ်နယ်ပယ်များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲ ကျင်းပ

 

နေပြည်တော်    ဩဂုတ်    ၁၇


ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့    ပူးပေါင်း၍   နျူကလီးယားနှင့် ဆက်စပ်နယ်ပယ်များတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  တက္ကသိုလ်များမှ   ဘွဲ့ရရှိခဲ့ကြသော   မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊   ရုရှားတက္ကသိုလ်များမှ ကိုယ်စားလှယ်များနှင့် ROSATOM မှ ကိုယ်စားလှယ် များ၏    ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို    ယနေ့ မွန်းလွဲပိုင်းတွင်   လှိုင်မြို့နယ်ရှိ    နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပ သည်။


အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း “ROSATOM” မှ Ms. Vera  Upirova, Senior project manager ဦးဆောင်သည့် ROSATOM မှ  ကိုယ်စားလှယ်၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ   တက္ကသိုလ်များမှ   ဒုတိယ ပါမောက္ခချုပ်များ၊ ကိုယ်စားလှယ်များနှင့်  ရုရှား တက္ကသိုလ်များရှိ    နျူကလီးယားနည်းပညာနှင့် ဆက်စပ်ပညာရပ် နယ်ပယ်များတွင် တက်ရောက် ပညာသင်ကြားခဲ့ကြပြီး မြန်မာနိုင်ငံရှိ ဝန်ကြီးဌာန များတွင်  လက်ရှိတာဝန်ထမ်းဆောင်နေကြသော ကျောင်းသားဟောင်းများ၊ ရုရှားနိုင်ငံရှိ တက္ကသိုလ် များတွင်      သွားရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ရုရှားနိုင်ငံတွင်  ယခုလက်ရှိ ပညာသင်ကြားနေကြ သော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက online စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။


ကျောင်းသားဟောင်းများ တွေ့ဆုံပွဲကို မြန်မာ  နိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး    ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က     အဖွင့်အမှာစကား ပြောကြားသည်။  


ထို့နောက်   တက်ရောက်လာကြသူများသည် ပညာရေးကဏ္ဍ၊   နျူကလီးယားနည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာ  ကဏ္ဍနှင့်    အခြားသောကဏ္ဍများတွင်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အပြန် အလှန် မိတ်ဖက်ဆက်ဆံရေး     မြှင့်တင်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍    ၎င်းတို့၏   အတွေ့အကြုံများကို   အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊  MEPhI  တက္ကသိုလ်  ကျောင်းသား ဟောင်းများက Interview ဖြေဆိုခြင်း နှင့်   အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 


 သတင်းစဉ်