နျူကလီးယားလက်နက်မသုံးပါဟု ကတိပြုကြရန် နျူကလီးယား အင်အားကြီးနိုင်ငံများကို ကုလအကြီးအကဲ တိုက်တွန်း

 

ဂျီနီဗာ    စက်တင်ဘာ    ၂၇


နျူကလီးယားလက်နက်   ဖျက်သိမ်းရန်အတွက်  ထပ်လောင်းတောင်းဆိုလိုက်ကြောင်း  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်      အန်တိုနီယို ဂူတာရက်စ် က ပြောသည်။ ကုလသမဂ္ဂက သတ်မှတ် ထားသည့်    အပြည်ပြည်ဆိုင်ရာ    နျူကလီးယား လက်နက်ပပျောက်ရေးနေ့  စက်တင်ဘာ ၂၆ ရက် တွင် ယခုလိုမှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။


နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကမ္ဘာတစ်လွှားမှ အစိုးရအရာရှိများကို   ဂူတာရက်စ် က    မိန့်ခွန်းပြောကြားခဲ့သည်။    နျူကလီးယား လက်နက်ကို  အချိန်မရွေး၊  နေရာမရွေးမည်သည့် အခြေအနေမျိုးမှာမဆို  အသုံးပြုခြင်းသည်  လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးကို     ဖြစ်ပေါ်စေမည်ဟု ၎င်းကပြောသည်။ နျူကလီးယား လက်နက်    မပြန့်ပွားစေရေးနှင့်      နျူကလီးယား လက်နက် တားမြစ်ခြင်းကဲ့သို့သော စာချုပ်များကို  ခိုင်မာအားကောင်းစေရေး       အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းထံ  ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်က တောင်းဆိုခဲ့သည်။ 


နိုင်ငံအချို့မှ ကိုယ်စားလှယ်များသည် ၎င်းတို့၏ မိန့်ခွန်းများတွင်  နျူကလီးယားလက်နက် ဖျက်သိမ်း ရေးအတွက် တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း  အမေရိကန်၊  ဗြိတိန်၊  ရုရှားနှင့်  ပြင်သစ်နိုင်ငံတို့ အပါအဝင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများမှ    ကိုယ်စားလှယ်များကမူ    မည်သည့် မိန့်ခွန်းမျှ ပြောကြားခဲ့ခြင်းမရှိချေ။ 


အင်န်အိတ်ချ်ကေ