နျူကလီးယားလက်နက်ကို ရှာဖွေနေခြင်းမဟုတ်ကြောင်း အီရန်သမ္မတပြော

 

တီဟီရန်  သြဂုတ်  ၃၀ 


အီရန်နိုင်ငံသည် နျူကလီးယားလက်နက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ နျူကလီးယားနည်းပညာကို အရပ်ဘက်အသုံးပြုရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီရန် သမ္မတ အီဘရာဟင်ရိုင်စီက သြဂုတ် ၂၉ ရက်က ပြောကြားလိုက်သည်။ 

 


နျူကလီးယားစက်မှုလုပ်ငန်းများနှင့် နျူကလီးယား စွမ်းဆောင်မှုများသည်        အီရန်လူမျိုးများနှင့် အီရန်နိုင်ငံအတွက်         အခွင့်အရေးဖြစ်ကြောင်း၊ နျူကလီးယားလက်နက်များသည်     အီရန်နိုင်ငံ၏ အယူဝါဒ၌ နေရာမရှိကြောင်း  ရိုင်စီက  သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

 


အီရန်နိုင်ငံသည် နျူကလီးယားနည်းပညာကို စိုက်ပျိုးရေး၊ လောင်စာဆီနှင့် ဓာတ်ငွေ့၊ ဆေးပညာ နှင့် အခြားအရပ်ဘက်ကဏ္ဍများတွင် အသုံးပြုနိုင် ရေး လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက  ဆက်လက် ပြောသည်။ အီရန်အစိုးရနှင့်  အရာရှိများသည် အီရန်နိုင်ငံ၏    နျူကလီးယားလက်နက်      ဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ် အစီရင်ခံ ဖော်ပြလျက်ရှိကြောင်း ရိုင်စီက ပြောသည်။ အီရန် နိုင်ငံ၏    နျူကလီးယားစွမ်းရည်များရရှိခြင်းနှင့် သက်ဆိုင်ရာ    အသိပညာဗဟုသုတများ   ရရှိရေး ကြိုးပမ်းမှုများတွင် အစ္စရေး၏   ဖျက်လိုဖျက်ဆီး လုပ်ခြင်းနှင့်  ပတ်သက်ပြီး  ရိုင်စီက အစ္စရေးအား ပြစ်တင်လိုက်သည်။

 

သို့သော်လည်း    ယနေ့ခေတ်တွင်    အဆိုပါ  ဗဟုသုတများသည်  အီရန်နိုင်ငံနှင့်ထာဝရ တည်ရှိနေပြီး   အီရန်နိုင်ငံမှ   ယူသွားနိုင်မည့်အရာ များမဟုတ်ကြောင်း ၎င်းကပြောသည်။  

ဆင်ဟွာ