
လင်းဟန်သစ်
အင်ဒိုနီးရှားအစိုးရဟာ သူ့ရဲ့ နူဆန် တရာမြို့တော်သစ်အတွက် ကြီးမားတဲ့ စီမံကိန်းတွေမှာ ဘဏ္ဍာငွေမတည်ဖို့ အတွက် ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေ လျက်ရှိပါတယ်။ နူဆန်တရာမြို့တော် ဟာ ဘရူနိုင်းနဲ့ မလေးရှားနဲ့ နယ်နိမိတ် ချင်းထိစပ်နေတဲ့ ဒုတိယအကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်တဲ့ ကလီမန်တန် ကျွန်းပေါ်မှာတည်ရှိပြီး ကုန်းမြေ ၂၅၆၁၄၂ ဟက်တာပေါ်မှာ တည်ဆောက် ထားတာဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ပထမအဆင့်
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ပထမ အဆင့်ကို ၂၀၂၄ ခုနှစ်အထိ လုပ်ဆောင် သွားရမှာဖြစ်တယ်လို့ ပင်လယ် ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး လူဟက် ဘင်ဆာပန်ဂျိုက်တန်က ပြောပါတယ်။
မြို့သစ်စီမံကိန်းကို ၂၀၄၅ ခုနှစ်မှာ ကျရောက်မယ့် နှစ် ၁၀၀ ပြည့် နိုင်ငံ့ လွတ်လပ်ရေးနေ့မှာ အပြီးသတ်ဖို့ စီစဉ် ထားပါတယ်လို့ ၎င်းက ဆက်ပြောပါ တယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ဒီလိုကြီးမား တဲ့ မြို့သစ်တည်နိုင်ဖို့ နိုင်ငံတော်ရန်ပုံ ငွေအသုံးပြုခြင်း၊ ပင်လယ်ရပ်ခြား မိတ်ဖက်အဖွဲ့တွေကို ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းခြင်း၊ အစုလိုက်ရန်ပုံငွေရရှိဖို့ ပြည်သူတွေကို စည်းရုံးခြင်းအပါအဝင် လိုအပ်တဲ့ ဘဏ္ဍာငွေအတွက် အမျိုးမျိုး သော အရင်းအမြစ်တွေကို ရှာဖွေလျက် ရှိပါတယ်။
စီးပွားရေးစင်တာများတည်ဆောက်ဖို့ ကမ်းလှမ်းထား
ပြည်ပနိုင်ငံအသီးသီးမှာရှိတဲ့ ရင်းနှီး မြှုပ်နှံသူတွေကို စီးပွားရေးစင်တာများ တည်ဆောက်ဖို့ ကမ်းလှမ်းထားပါတယ်။ အစိုးရရုံးတွေကိုတော့ နိုင်ငံတော်ရန်ပုံငွေအသုံးပြုပြီး တည်ဆောက်သွားမယ် လို့ ပန်ဂျိုက်တန်က ပြောပါတယ်။
အမျိုးသားဖွံ့ဖြိုးရေးစီမံကိန်းဌာနရဲ့ ခန့်မှန်းတွက်ချက်မှုအရ ဒီမြို့သစ် တည်မယ့်စီမံကိန်းဟာ အနည်းဆုံး ၅၀၁ ဒသမ ၅၆ ထရီလီယံ ရူပိုင်ယာ (အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ) ကုန်ကျမယ်လို့ ဖော်ပြထားပါတယ်။
ရင်းနှီးမြှုပ်နှံချင်သူများကို လမ်းဖွင့်ပေးထား
လာရောက် ရင်းနှီးမြှုပ်နှံချင်တဲ့ ဘယ်သူ့ကိုမဆို မိမိတို့ လမ်းဖွင့်ပေး ထားကြောင်း ပန်ဂျိုက်တန်က ပြော ကြားခဲ့ပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ရဲ့ ရင်းနှီးမြှုပ်နှံသူတွေက တော့ Sovereign wealth fund (SWF) မှတစ်ဆင့် သူတို့ရဲ့ အရင်းအနှီးတွေကို လာရောက်မြှုပ်နှံဖို့ အဆင့်သင့်ဖြစ်နေ ပြီလို့ ဝန်ကြီးက ပြောပါတယ်။
အဘူဒါဘီက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရင်းနှီးမြှုပ်နှံမယ်လို့ သူက ပြောပါတယ်။ မိမိတို့တွေအနေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဘယ်လောက်များများ မြှုပ်နှံကြမလဲဆိုတာ စောင့်ကြည့်သွား ရမယ်လို့ သူက ဆက်ပြောပါတယ်။
စိတ်အားထက်သန်နေ
ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မင်န်က ပန်ဂျိုက် တန်ရီယာ့ဒ်ကို မတ်လအစောပိုင်း လာလည်ကတည်းက မြို့သစ်စီမံကိန်း မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေခဲ့တာ ပါလို့ ဖော်ပြလိုက်ပါတယ်။ အရှေ့ အလယ်ပိုင်း ရင်းနှီးမြှုပ်နှံသူတွေဟာ ရေနံစိမ်းတင်သွင်းခြင်း၊ အင်ဒိုနီးရှား နိုင်ငံရဲ့ ဒီရေတောများနဲ့ သန္တာကျောက် တန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အား ထက်သန်နေကြပါတယ်။
စီမံကိန်းတစ်ခုချင်းစီရဲ့ ဖြစ်လာနိုင် တဲ့အလားအလာများနဲ့ နည်းပညာပိုင်း တွေကို ကြိုတင်သုံးသပ်နိုင်ဖို့ နောက် ဆက်တွဲဆွေးနွေးပွဲကို မကြာတော့တဲ့ အနာဂတ်ကာလမှာ လုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်လို့ ပန်ဂျိုက်တန် က ပြောပါတယ်။
အရင်ကတည်းက ဆော့ဖ်ဘဏ်က အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့သစ်စီမံကိန်း အတွက် ဘဏ္ဍာငွေထည့်ဝင်ဖို့ ရည်ရွယ် ထားပါတယ်။ သို့သော်လည်း ဂျပန် ရင်းနှီးမြှုပ်နှံသူတွေက ဒါကို ပယ်ဖျက် လိုက်ပါတယ်။
ဆော့ဖ်ဘဏ်ဟာ သူ့ရဲ့ ရှယ်ယာ တန်ဖိုးတွေ ကျဆင်းကတည်းက ဒီအစီ အစဉ်က နုတ်ထွက်ခဲ့ပါတယ်လို့ ပန် ဂျိုက်တန်က ပြောပါတယ်။
မြို့သစ်ဒီဇိုင်းပုံစံကို ကူညီပေးသွားမယ်
တခြား ကတိကဝတ်တစ်ခုလည်း အာရှဖွံ့ဖြိုးရေးဘဏ်မှ ပေးထားပါတယ်။ မနီလာအခြေစိုက်အဖွဲ့အစည်းတစ်ခုရဲ့ ထုတ်ပြန်ချက်မှာလည်း အင်ဒိုနီးရှားနိုင်ငံ မြို့သစ်ဒီဇိုင်းပုံစံကို ကူညီပေးသွားမယ် လို့ ပြောကြားထားပါတယ်။
အဆောက်အအုံ၊ အခမ်းအနားတွေ ကို ဖန်တီးပုံဖော်ပေးဖို့ လူအုပ်စုပျော်ပွဲ ရွှင်ပွဲတွေကို စိတ်အားထက်သန်တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေရဲ့ ဘဏ္ဍာငွေရင်းနှီးမြှုပ်နှံမှုအပါအဝင် ဘဏ္ဍာငွေရရှိ ရေးအခွင့်အလမ်းတွေကတော့ နေရာ တိုင်းက ဖြစ်ပေါ်လာနိုင်ပါတယ်လို့ နူဆန်တရာ အမျိုးသားမြို့တော်အာဏာပိုင်အကြီးအကဲ ဘမ်ဘန်းဆူဆန်တိုနိုက ပြောပါတယ်။
မြို့သစ်တည်ဖို့ အကောင်အထည်ဖော်ရအုံးမယ်
မြို့တော်သစ်မှာ လူစုလူဝေးပျော်ပွဲ ရွှင်ပွဲဂေဟာတွေကို တည်ဆောက်ဖို့ အင်ဒိုနီးရှား လူစုလူဝေးပျော်ပွဲရွှင်ပွဲ တွေကို ဆောက်လုပ်ပေးနေတဲ့အဖွဲ့က ဘယ်လိုမျိုးကမ်းလှမ်းမှုတွေ လုပ်လာ မလဲဆိုတာကိုလည်း ဆူဆန်တိုနိုက ပြောပါတယ်။
ဒီလိုမျိုး အဆောက်အအုံတွေကို တော့ နိုင်ငံတော်က စရိတ်စက ကျခံသွား မှာမဟုတ်ပါဘူးလို့ ၎င်းက ဆက်ပြော လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြို့သစ် တည်ဆောက်နိုင်ဖို့ အတွက်ကတော့ ဆက်လက် အကောင်အထည်ဖော်ရဦး မှာ ဖြစ်ပါတယ်။
ကိုးကား
ဆင်ဟွာ