
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်
ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ဖြန့်ဖြူးဆောင်ရွက်နေသော လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေး စက်ရုံများနှင့် ဓာတ်အားလိုင်းများအား NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ကြံတိုက်ခိုက်ဖျက်ဆီးမှုများကြောင့် (၂၉-၁၁-၂၀၂၂) ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ သည် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ကျိုက်ထိုမြို့၌ လုပ်ကြံပစ်ခတ် ခံခဲ့ရသဖြင့် အပြစ်မဲ့နိုင်ငံဝန်ထမ်း တစ်ဦး အသက်ဆုံးရှုံးခဲ့ရခြင်း၊ (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်း ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့ (၁၃) မြို့ ဓာတ်အားပြတ် တောက်ခဲ့ခြင်းနှင့် (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် မကွေးတိုင်းဒေသ ကြီး၊ ကျွန်းချောင်းရှိ (၂၀.၅၄)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်စက်ရုံမှ ဝန်ထမ်းများအား ခြိမ်းခြောက် ငွေတောင်းခံခဲ့ပြီး ငွေပေးသွင်းခြင်းမရှိပါက အသက် အန္တရာယ်အား ခြိမ်းခြောက်ခဲ့ သဖြင့် နိုင်ငံခြားသားဝန်ထမ်းများ ထွက်ခွာခဲ့ရကာ ဓာတ်အားပေး စက်ရုံကို ရပ်တန့်ခဲ့ရပြီး ဓာတ် အားထုတ်လုပ်မှု လျော့နည်းခဲ့ရ ခြင်းစသည့် ဖြစ်စဉ်များဖြစ်ပေါ် ခဲ့ရပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ ဝန်ထမ်းများသည် ပြည်သူလူထု အတွက် အခြေခံအကျဆုံး လိုအပ် ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား များကို ပြည့်မီစွာ ဖြည့်ဆည်းပေး နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ၊ မဟာဓာတ်အား လိုင်းများ၊ ဖြန့်ဖြူးရေး ဓာတ်အား လိုင်းများကို ပြုပြင်ထိန်းသိမ်း ခြင်း၊ အသစ်တည်ဆောက်ခြင်း များကို နေ့မအား ညမနား ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ ရန်ပုံငွေဖြစ်သည့် လျှပ်စစ်ဓာတ်အားခများ ပြန်လည် ရရှိရေးအတွက် အချို့သော လျှပ်စစ်သုံးစွဲသူများမှ မိမိတို့သုံးစွဲ မှုအတိုင်း ပြန်လည်ပေးဆောင် ခြင်းမရှိသည့် ဓာတ်အားခများကို လိုက်လံ ကောက်ခံခြင်းများကို လည်း ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိမှု များအပေါ် NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများ သည် အများပြည်သူသို့ ဖြည့် ဆည်းပေးလျက်ရှိသည့် နိုင်ငံ တော်၏ အခြေခံအဆောက်အအုံ များအပေါ် ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံ ပစ်ခတ်မှုအနေဖြင့် (၂၄) ကြိမ်၊ ဓာတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများသို့ ဝင်ရောက် ဖောက်ခွဲပစ်ခတ်ဖျက်ဆီးမှု (၂၀၉)ကြိမ် အပြင် အများပြည်သူသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ် ဓာတ်အားလိုင်းများကို မိုင်းခွဲ ဖျက်ဆီးခဲ့မှုများအနေဖြင့် မဟာ ဓာတ်အားလိုင်းတာဝါ (၄၈) တိုင် နှင့် ဖြန့်ဖြူးရေးလိုင်း (၄၉) တိုင် တို့ကို အသီးသီးဖျက်ဆီးဖောက်ခွဲ ခဲ့သဖြင့် နိုင်ငံတော်ဓာတ်အားစနစ် သို့ ပို့လွှတ်လျက်ရှိသည့် လျှပ်စစ် ဓာတ်အား (၁၆၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကာ အချို့သော နေရာများတွင် ပြုပြင်ဆောင်ရွက် ခြင်း မပြုလုပ်နိုင်သေးသဖြင့် ပြည်သူလူထုသို့ ဖြန့်ဝေပေးနိုင်မှု မရှိသည်များကို ကြုံတွေ့နေရ ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ် နေစဉ် အချိန်များတွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများ ရှိခဲ့ သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဝန်ထမ်းများမှ အသက် ပေးဆပ်ခြင်း (၁၉) ဦးနှင့် ထိခိုက် ဒဏ်ရာရရှိခြင်း (၅၆) ဦး ရှိခဲ့ သော်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် သက်ဆိုင်ရာ နယ်မြေများရှိ လုံခြုံရေးအဖွဲ့များ နှင့် ပူးပေါင်းကာ အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက် လုပ်ဆောင်ပေးလျက် ရှိပါသည်။
ထိုသို့ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေဖြင့် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားများကို ဖြည့်ဆည်းပေး နိုင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေမှုအပေါ် ပြည်သူလူထုမှ လည်း နိုင်ငံဝန်ထမ်းများကို လုပ်ကြံပစ်ခတ်ခြင်းနှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်၊ သွယ်တန်း၊ ဖြန့်ဖြူးပေးလျက်ရှိသည့် နိုင်ငံ့ အခြေခံ အဆောက်အအုံများ လုပ်ကြံပစ်ခတ်ခြင်း၊ ဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးခြင်းများ မပြု လုပ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေး ပန်ကြားအပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန