
ဝက်လက်မြို့နယ် ဘိုတဲကျေးရွာ
အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ညီမအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်
နေပြည်တော် ဇွန် ၇
NUG အမည်ခံ အကြမ်းဖက် အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမား များသည် အနာဂတ်ရင်သွေးငယ် များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ် လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ကျောင်းသုံးစာအုပ် များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန် ၆ ရက် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် ဘိုတဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင် (ဘ) ဦးအေးနှင့် ၎င်း၏ညီမ ဒေါ်ကေဇာ ခိုင်တို့သည် နေအိမ်၌ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ က ဆိုင်ကယ်များဖြင့် ရောက်ရှိ လာပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းအုပ်ဆရာမကြီး ဖြစ်သူနှင့် ၎င်း၏ညီမတို့တွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ သည်။
အလားတူ ညနေ ၆ နာရီခွဲ ခန့်တွင် စစ်ကိုင်းမြို့နယ် ဥသျှစ် ကြီးကျေးရွာနေ ဆားတောင် အခြေခံပညာအထက်တန်းကျောင်း မှ စာရေး ဒေါ်နိုင်နိုင်မော်(ဘ)ဦးတုတ်စံသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက် သမားများက လာရောက်၍ ကျေးရွာ၏ တောင်ဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ နံနက် ၉ နာရီခွဲခန့် တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် ကျေးရွာ နောင်ပါခါးရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန် ကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်း ထောင်ထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ကျောင်းဝင်းတံခါးအနီး ကျောပိုး အိတ်အတွင်းမှ လက်လုပ်မိုင်း တစ်လုံးနှင့် ကျောင်းဆောင် အောက်ခြေလှေကားအနီးမှ လက် လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
အလားတူ မုံရွာမြို့နယ် ပြည်တော်သာရပ်ကွက်ရှိ အခြေခံ ပညာအလယ်တန်း ကျောင်းအနီး သို့ နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ က မိုင်းဖောက်ခွဲခဲ့ရာ ပေါက်ကွဲ မှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ဆရာ ဆရာမများ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ကျောင်း အဆောက်အဦများနှင့် အခြား အုပ်ချုပ်မှု အဆောက်အဦများကိုလက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သူများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ များနှင့်ပူးပေါင်း၍ စုံစမ်းဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်