
နတ်တလင်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ နွေစပါးများကို တောင်ညို ဆည်မှ ရရှိသောရေများဖြင့် ဧက ၄၄၁၀ စိုက်ပျိုးရန် လျာထားခဲ့ရာ ယခုအခါတောင်သူများအနေဖြင့် လျာထားဧကထက် ကျော်လွန်၍ ၄၄၇၁ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးသော စပါးမျိုးမှာ ရတနာတိုး ၄၄၆၂ ဧကနှင့် ရက်တစ်ရာ ကိုးဧကဖြစ်ပြီး ဘက်စုံအဆင့်မြင့်သုံး စံပြစိုက်ကွင်းအတွက် စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ မြေဩဇာ၊ စိုက်ပျိုးစရိတ်များ ပံ့ပိုးပေးပြီး စိုက်ခင်းအောင်မြင်ရေးအတွက် မြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့် ဝန်ထမ်း များက စိုက်ခင်းများအရောက် မြေပြင်ကွင်းဆင်း၍ တောင်သူများနှင့် ပူးပေါင်းကာ ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်ပေးခြင်း၊ မျိုးသန့်စံပြကွက်၌ မျိုးကွဲပယ်ခြင်း၊သွင်းအားစုများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)