နတ်မောက်မြို့နယ်၌ e - ID စနစ် ဖြင့် နိုင် - ၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်း

 

နတ်မောက်  မေ  ၁၅


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင်  e-ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်း များ စိစစ်ဖြည့်သွင်းခြင်းနှင့် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေ    အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုကို  တိုင်းဒေသကြီး   လူမှုရေးရာဝန်ကြီး   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူး  ညွှန်ကြား ရေးမှူး ဦးစိုးပိုင်မြင့်က  မေ  ၁၄  ရက်က ကွင်းဆင်းစစ်ဆေးသည်။ 

 


တိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီးက လူဦးရေစာရင်းပြုစုရာတွင်    အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့် မှတ်ပုံတင်စာရင်း နိုင်-၄ ကိုပါ အခြေခံစာရင်း အဖြစ်အသုံးပြုပြီး အပြန်အလှန်စစ်ဆေးနိုင် သည့် နည်းပညာကို အသုံးပြု၍ e - ID စနစ်  Excel Format  ဖြင့် ရေးသွင်းခြင်းကို  မှန်ကန် မြန်ဆန်စွာပြီးစီးရေး   ဆောင်ရွက်သွားရန် မှာကြားသည်။

 


နတ်မောက်မြို့နယ်၌ e-ID စနစ်ဖြင့် နိုင်- ၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်း ခြောက်ဦးအပြင် အခြားဌာနဆိုင်ရာများမှ   ဝန်ထမ်း ၄၇ ဦး အင်အားဖြည့်တင်း၍ စုစုပေါင်း   ၅၃   ဦးက အချိန်မီပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                    

လှဝင်း