
နတ်မောက် ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသည် မြို့နယ် အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေး သည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေ စာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက် ဖြင့် ပြုလုပ်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေး ကတ်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ပြီးစီးသူ ၁၃၂၈၀ ရှိပြီဖြစ်ကြောင်း သိရသည်။
၂၀၂၁ မေ ၃ ရက်မှ ၂၀၂၂ ဖေဖော်ဝါရီ ၈ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ် ပြီးစီးမှုမှာ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ်ပြုလုပ်သူ ကျား ၇၇၀၊ မ ၇၈၉ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ အမျိုးသား ၃၂၅၄ ဦး၊ အမျိုးသမီး ၃၈၉၉ ဦး၊ လဲလှယ်သူ အမျိုးသား ၇၅၅ ဦး၊ အမျိုးသမီး ၈၇၇ ဦး၊ မိတ္တူပြုလုပ်သူ အမျိုးသား ၇၆၆ ဦး၊ အမျိုး သမီး ၃၇၉ ဦး စုစုပေါင်း ၁၁၄၈၉ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပြီးစီးမှုမှာ ၁၇၉၁ စု ဖြစ်သည်။
နတ်မောက်မြို့နယ်တွင် ရပ်ကွက် ခုနစ်ခု၊ ကျေးရွာပေါင်း ၂၃၄ ရွာရှိပြီး ကျန်ရှိနေသေး သည့် ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများကိုလည်း စီမံချက်အရ ဆက်လက်ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
သင်းသင်းမြတ်