
နတ်မောက် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်၇နာရီက နတ်မောက်မြို့ တြိဂံ လမ်းဆုံ၌ပြုလုပ်ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲနိုင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူး သန်းဝင်း တို့က “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိ ပညာပေးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အဆိုပါ ဆိုင်းဘုတ်ကို အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး အဆိုပါအခမ်းအနားသို့ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့်ရပ်မိရပ်ဖများ စုစုပေါင်းအင်အား၂၀၀ခန့် တက်ရောက်သည်။
သိမ့်သိမ့်မိုး