ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်    နိုဝင်ဘာ   ၁၁


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေ ကြောင်းနှင့်      နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ     ယနေ့တွင်   ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ချင်းရွှေဟော်၊   မြဝတီနှင့် ကျိုင်းတုံကုန်သွယ်ရေး စခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီလေးခုမှ ယာဉ်ငါးစီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser တစ်စီး ၁၆ တန်၊ အောက်ဆီဂျင်အိုးခွံ ၉၆၀၊  Oxygen plant တစ်ခု၊ လက်အိတ် ၂၈ တန်နှင့် နှာခေါင်းစည်း (Mask) ၁၈   တန်တို့ကို   တင်သွင်းခဲ့သည်။   အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ် ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant တစ်ခု မှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP  များနှင့်အညီ  ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်     ဝန်ကြီးဌာန   Website   ဖြစ်သည့် commerce.gov.mm   တွင်   ဝင်ရောက်ကြည့်ရှု နိုင်ရေး    စီစဉ်ဆောင်ရွက်ပေးထားကြောင်း   သိရသည်။ 


သတင်းစဉ်