မိုင်းကိုင်ဒေသ တိုက်ပွဲရှောင်ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်များလှူဒါန်း

 

သီပေါ နိုဝင်ဘာ ၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)      သီပေါမြို့နယ်         ပေါ်ကြိုဘုရားကြီး ကျောင်းတိုက်     ပဓာနနာယက   ဆရာတော်  ဗဟုဇနဟိတဓရ  မဟာ ဓမ္မကထိက ဘဒ္ဒန္တဒေဝိန္ဒအရှင်သူမြတ်သည်    ရှမ်းပြည်နယ်တောင်ပိုင်း         မိုင်းကိုင်မြို့နယ်   ပန်ကေရကျေးရွာသို့   ရောက်ရှိလာသော     တိုက်ပွဲ ရှောင်ပြည်သူများအတွက်   အိမ်ထောင်စု  ၂၀၀ ကျော်ကို    ဆန်နှင့် အခြေခံ    စားသောက်ကုန်များ၊      ခေါက်ဆွဲခြောက်၊    ငါးခြောက်နှင့်   မုန့်များအပြင်   အဝတ်အထည်များကို  ယနေ့သွားရောက်   လှူဒါန်း ကြောင်း သိရသည်။


စိုင်း(သီပေါ)