ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ    ၆


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ်   နယ်မြေအသီးသီးရှိ  တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြော ရေးနှင့်   တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး   စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသည်။   ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာ      တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန် သိ  ပြည်သူများနှင့် ပူးပေါင်း၍ လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ထိုသို့    လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ည ၇ နာရီ အထိ နေပြည်တော် စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၉၆ ဦးတို့ကိုလက်ခံ ထားရှိကြောင်း  သိရှိရသည်။

 


အဆိုပါ  စောင့်ကြည့်လူနာ များနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများ၏  နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှု   လုပ်ငန်းများကို သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များရှိ  နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့်တာဝန် ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

 


ထို့အပြင်      ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ   မြို့နယ်  အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး ဆိုင်ရာ   လုပ်ငန်းများကို  ပိုမို ထိရောက်စွာ   ဆောင်ရွက်နိုင်ရန် အတွက်          အစားအသောက် နှင့် ဆေးဝါကွပ်ကဲရေးဦးစီးဌာန၌ ထားရှိမည့် PCR စက်ရောက်ရှိ တပ်ဆင်နေမှုနှင့် စက်ထားရှိမည့် နေရာ အတွင်း/ အပြင် သန့်ရှင်း ရေးကို တြိဂံဒေသတိုင်း စစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သား များနှင့်  ဌာနဆိုင်ရာ   ဝန်ထမ်း များ ပူးပေါင်းဆောင်ရွက်နေမှုအား တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်          တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍    လိုအပ် သည်များ    ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                  

 

သတင်းစဉ်