နိုဝင်ဘာ ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၅၇ ဦး တွေ့ရှိ

 

ထပ်မံသေဆုံးသူ ၁၇ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၇၈၃ ဦးရှိ

(၅-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေ သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

 


ကိုဗစ်-၁၉ သံသယလူနာများ၊   ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့်  အသွားအလာကန့်သတ်ထားရှိသူ များအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး(၄-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ  (၅-၁၁-၂၀၂၁) ရက်နေ့၊  ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၂၂,၇၁၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၀၅၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၄.၆၅) ရာခိုင်နှုန်း ရှိပါသည်။

 


သို့ဖြစ်ပါ၍ ယနေ့အထိ   ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၉၈၅,၁၉၅)ခုအား  စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၀၅,၀၃၈) ဦး ရှိပြီ ဖြစ်ပါသည်။

 


ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၅၄၇) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၇၅,၄၅၀) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁၇) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၈,၇၈၃) ဦး ရှိပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်   ကိုဗစ်-၁၉ ရောဂါ  ကူးစက်ဖြစ်ပွားမှု   အခြေအနေများအား ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး  ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲ အတည်ပြုလူနာတွေ့ရှိရမှုနှင့်    ရောဂါပိုးတွေ့ရှိမှုနှုန်းအခြေအနေများအား    စောင့်ကြပ်ကြည့်ရှု လျက်ရှိရာ အပတ်စဉ်အလိုက်  ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှင့်  ပျမ်းမျှရောဂါပိုးတွေ့ရှိမှုနှုန်းများမှာ (၅)ရာခိုင်နှုန်းအောက်သို့  စတင်လျော့နည်းကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ သို့ရာ တွင် ပြည်သူလူထုအကြား မြုပ်ကွယ်နေသည့်  ကိုဗစ်-၁၉ ရောဂါပိုးရှိနေသူများ  (ဥပမာ- ရောဂါ လက္ခဏာမပြသော်လည်း  ရောဂါပိုးရှိနေသူများ၊ သံသယရောဂါလက္ခဏာများရှိ၍   ရောဂါပိုးရှိ နေနိုင်သော်လည်း ကျန်းမာရေးဌာနသို့ သတင်း ပေးပို့ခြင်း မရှိသူများ) ထံမှ ရောဂါပိုးအဆင့်ဆင့် ဆက်လက်ကူးစက်၍   ရောဂါဖြစ်ပွားမှုများ   ပြန်လည်မြင့်တက်လာခြင်းမရှိစေရန်နှင့်  ရောဂါ ကူးစက်ဖြစ်ပွားမှု  ဆက်လက်လျော့ကျလာစေရန်အတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်  ပြည်သူလူထုအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်၍ အောက်ပါအချက်များကို တိကျစွာ လိုက်နာကြပါရန် ဖြစ်ပါသည်။                         
  

 l    အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို  တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊
  

 l     နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊
  

 l     လက်ကို မကြာခဏဆေးကြောခြင်း၊
  

 l     တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊ 
    

l     အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူခြင်း၊
  

 l     သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက  မိမိဘာသာကုသခြင်းမျိုး   မဆောင်ရွက်ဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့  အမြန်ဆုံးဆက်သွယ်သတင်းပေးပို့၍   မိမိနှင့်အနီးကပ် ထိတွေ့သူများအား  ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
  

 l     ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း၊
  

 l     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန