ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်    နိုဝင်ဘာ   ၅


အကောက်ခွန်ဦးစီးဌာနအနေဖြင့်   ကိုဗစ်-၁၉    ရောဂါ   ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်  အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် နိုဝင်ဘာ ၅ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Generator သုံးခု၊ Face Mask ၁၆၃၁၀၀ နှင့် ဆေးဝါးမျိုးစုံ ၂၀ (၇၂၉၅၉ ဒသမ ၉၅) Kg ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီနှစ်ခုမှ Sodium Chloride Injection ၂၅၃၅၀၀၊ Glucose Injection ၉၇၄၇၀၊ Paracetamol Tablet ၁၃၄၇၀၊ Ibmol Tablet ၈၇၂၀၀၊ Cimeticline Injection ၁၀၉၆၀၀၊ Vitamin C Tablet ၉၄၄၀၊ PPE  ၆၃၆၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်