နိုင်ငံတော်အဆင့် အနှစ်သာရရှိသည့် လွတ်လပ်ရေးနေ့အခမ်းအနားဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာဖြင့် အဆင့်ရှိစွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီများအလိုက် စနစ်တကျကြပ်မတ်စစ်ဆေးဆောင်ရွက်ကြရန်လို

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၄)နှစ်မြောက် 
လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် နိုဝင်ဘာ ၅ 


၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက်  လွတ်လပ်ရေးနေ့  ကျင်းပရေး ဗဟို ကော်မတီ  ဒုတိယအကြိမ်   ညှိနှိုင်းအစည်းအဝေးကို      ယနေ့မွန်းလွဲပိုင်း တွင်   နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌  ကျင်းပရာ(၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း  တက်ရောက် အမှာစကား ပြောကြားသည်။ 

 


အစည်းအဝေးသို့           ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်         ဦးဝဏ္ဏမောင်လွင်၊  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊  ဦးမင်းသိန်းဇံ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ       ဒေါက်တာမောင်မောင်နိုင်၊  နေပြည်တော်  တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊   ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်    ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဒေါက်တာဇော်မြင့်၊      တာဝန်ရှိသူများ တက်ရောက်ကြပြီး တာဝန်ရှိ  ဖိတ်ကြားထားသူများက                    ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။ 

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့် အမှာစကားပြောကြားသည်။

 


ရှင်းလင်းဆွေးနွေး


ထို့နောက်  နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော် အလံအလေးပြုပွဲ   စစ်ရေးပြ    ဆပ်ကော်မတီ၊           နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့်    ဖိတ်ကြားရေး   ဆပ် ကော်မတီ၊ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ၊  မီးရှူးမီးပန်းများ    ပစ်ဖောက်ရေး     ဆပ် ကော်မတီ၊    လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ် ကော်မတီ၊ လွတ်လပ် ရေးနေ့       သဝဏ်လွှာ     ပြုစုရေးဆပ် ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ        ကျင်းပရေးဆပ် ကော်မတီနှင့်  စာရင်းစစ်ဆေးရေးဆပ် ကော်မတီများမှ ကော်မတီ ဥက္ကဋ္ဌများနှင့်   တာဝန်ရှိသူများက          ကော်မတီများ အလိုက် စီမံဆောင်ရွက်လျက်ရှိမှု အခြေ အနေများကို             ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 

 


ဆွေးနွေးတင်ပြမှုများအပေါ်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက (၇၄) နှစ်မြောက်   လွတ်လပ်ရေးနေ့  အခမ်း အနားအား        အနှစ်သာရရှိစွာဖြင့်  အောင်မြင်စွာ         ကျင်းပနိုင်ရေးနှင့်          ပတ်သက်၍  လုံခြုံရေးဆိုင်ရာ  ကိစ္စရပ် များအား  စနစ်တကျဖြင့်    ကြပ်မတ် ဆောင်ရွက်ရန်၊ ကိုဗစ် - ၁၉  စည်းကမ်း ချက် များနှင့်အညီ               ကျင်းပနိုင်ရေး ဆောင်ရွက်ရန်၊  ဧည့်ခံကျွေးမွေးမှုများ   စနစ်တကျဖြစ်စေရေး  ဆောင်ရွက်ရန်၊ မီးရှူးမီးပန်းများ            ပစ်ဖောက်ရာတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်း များအား    ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန်၊  လွတ်လပ်ရေးနေ့   အထိမ်း အမှတ်အားကစားပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲ များ     ကျင်းပပြုလုပ်ရာတွင်   ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ   ဆောင်ရွက် ၍ရသည့်  အားကစားပြိုင်ပွဲများကိုသာ  ကျင်းပပြုလုပ်ရန်နှင့်အခြား လိုအပ်သည် များအား ဖြည့်စွက်မှာကြားသည်။

 


ထို့နောက်    (၇၄) နှစ်မြောက်  လွတ်လပ်ရေးနေ့     ကျင်းပရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ       ဒုတိယ ဝန်ကြီးချုပ်       ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းက    နိဂုံးချုပ်အမှာစကားပြောကြား ရာတွင်   ယခုအစည်းအဝေးတွင် လုပ်ငန်း ဆောင်ရွက်မှုများ   တိုးတက်လာသည်ကို တွေ့ရှိရပြီး      ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊     နိုင်ငံတော်       အဆင့်အနှစ်သာရရှိသည့် လွတ်လပ်ရေးနေ့  အခမ်းအနားဖြစ်သည့် အတွက် နိုင်ငံတော်အဆင့်နှင့်  လျော်ညီ စွာဖြင့်   အဆင့်ရှိစွာ  ကျင်းပနိုင်ရေး   ဆပ် ကော်မတီများအလိုက်             စနစ်တကျ ကြပ်မတ်စစ်ဆေး     ဆောင်ရွက်ကြရန် လိုကြောင်း၊   အခမ်းအနားများအားလုံးအား လုံခြုံရေးအရ     စနစ်တကျဖြစ်စေရေး  တာဝန်ရှိသူများအနေဖြင့်  သတိရှိစွာဖြင့် စနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားခဲ့ပြီး   အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်