အများပြည်သူ အလုပ်ပိတ်ရက် ဒီပါ၀လီနေ့တွင် ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံ၌ ပြည်သူများ လာရောက်အပန်းဖြေ

ရန်ကုန်    နိုဝင်ဘာ   ၄


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းခြံနှင့် ကစား ကွင်းများကို  နိုဝင်ဘာ ၁ ရက်မှစတင်၍ ဖွင့်လှစ် လိုက်ပြီဖြစ်ရာ  အများပြည်သူ  အလုပ်ပိတ်ရက်  “ဒီပါဝလီနေ့” ဖြစ်သည့် ယနေ့တွင် မဟာဗန္ဓုလ ပန်းခြံ၌ ပြည်သူများ လာရောက်အပန်းဖြေအနားယူ ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ တားဆီးနိုင်ရေးနှင့် ကိုဗစ်ကာလ အများ   ပြည်သူများ၏ ကျန်းမာရေးကို ရှေးရှုသည့်အနေဖြင့် ရန်ကုန်မြို့တော်    စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ     အများပြည်သူများ စုဝေး တတ်သော  နေရာများဖြစ်သည့်  ပန်းခြံနှင့်ကစား ကွင်း  စုစုပေါင်း  ၆၂  ခုအား   ယာယီပိတ်ထားခဲ့ရာ   ယခုအခါ   ကိုဗစ်-၁၉  ရောဂါကို  အတော်အသင့်  ထိန်းချုပ်နိုင်ပြီဖြစ်၍  ပန်းခြံနှင့်   ကစားကွင်းများ အား ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းလည်းဖြစ်ပြီး    ကျန်းမာရေးအတွက်  ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်း ပြုလုပ်ကြသော ပြည်သူများအဆင်ပြေ ကြစေရန်အတွက်  ရန်ကုန်မြို့လယ်ရှိ  မဟာဗန္ဓုလ ပန်းခြံအား နိုဝင်ဘာ ၃ ရက်မှစတင်ကာ နေ့စဉ် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ် ပေးထားကြောင်း သိရသည်။ 
“ကိုဗစ်ကာလမှာ မဟာဗန္ဓုလပန်းခြံကို ယာယီ ပိတ်ထားခဲ့ပြီး နိုဝင်ဘာ ၁ ရက်ကစပြီး နံနက် ၆  နာရီမှ   ညနေ  ၆   နာရီအထိ   ယခင်ပုံမှန်အချိန် အတိုင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ လမ်းလျှောက် တဲ့သူတွေနဲ့ ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့် ခန်းပြုလုပ်ကြတဲ့   ပြည်သူတွေက ကျွန်တော်တို့ ကော်မတီကို တင်ပြလာတာကြောင့် နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းကစပြီး မဟာဗန္ဓုလပန်းခြံကို နံနက် ၅ နာရီကနေ ညနေ ၆ နာရီအထိ အချိန်သတ်မှတ် တိုးမြှင့် စီစဉ်ဖွင့်လှစ်ဆောင်ရွက်ပေးလိုက်ပြီဖြစ်ပါ တယ်။ ပြည်သူတွေအနေနဲ့ သတ်မှတ်ချိန်အတွင်းမှာ လွတ်လပ်စွာ  ဝင်ရောက်အပန်းဖြေ အနားယူနိုင်ကြ မှာဖြစ်တာကြောင့် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ ရောဂါကာကွယ်ရေး    နည်းလမ်းများကို   တိကျစွာ လိုက်နာဆောင်ရွက်ပေးဖို့အတွက် မေတ္တာရပ်ခံချင်ပါ တယ်”ဟု   ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-လင်းရာမ