
နေပြည်တော် နိုဝင်ဘာ ၃
ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် တွေ့ဆုံ၍ မန္တလေးတိုင်း ဒေသကြီးအတွင်း ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများနှင့် ကာလတို ကာလရှည် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းဆိုင်ရာများ၊ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ကူညီပေးနိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုဝန်ကြီး ဌာနအပိုင်း နှင့် တိုင်းဒေသကြီးအစိုးရ အပိုင်းတို့မှ ကူညီပံ့ပိုးပေးနိုင်မှုကို ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကုလားမကြီးကျေးရွာရှိ ပုဂ္ဂလိကနို့စားနွားမွေးမြူရေးခြံ၌ ဖရီရှန် နွားမျိုးများ မွေးမြူထားရှိမှုနှင့် ကျွဲ၊ နွား ကူးစက်ရောဂါကာကွယ် ရေး ဆောင်ရွက်ထားရှိမှုများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် ပူးပေါင်း၍ မေထုန်မဲ့သားစပ် ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စံချိန်စံညွှန်းမီ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်နေမှုများကို ကြည့်ရှု စစ်ဆေးအားပေးသည်။
ထိုမှတစ်ဆင့် ကျောက်တံခါး၊ တောင်ရေ၊ ကြက်မောက်တောင် ရေလှောင်တမံများ၏ ဆက်သွယ် မြောင်းဥမင်ကို လည်းကောင်း၊ ကြက်မောက်တောင် ရေလှောင် တမံ ရေဝင်ရောက်မှုကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စက်မှုကုန်ကြမ်း သီးနှံ ဝါစိုက်ပျိုးရေးနှင့် အခြား လျာထားသီးနှံများ စိုက်ပျိုးရေ ဖူလုံစွာပေးဝေရေး၊ နိုင်ငံတစ်ဝန်း ရှိရေလှောင်တမံအများစု၏ ယခု နှစ်ဝင်ရေ စုဆောင်းရရှိမှုမှာ ယမန် နှစ်များကထက် ပိုမိုတိုးတက် စုဆောင်းထားနိုင်လျက်ရှိမှုအပေါ် အလေအလွင့်မရှိ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေး အတွက် ရေစီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်လိုအပ် ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်