တေးဆိုတူပြိုင် လတန်ဆောင်တိုင် တေးဂီတဖျော်ဖြေမှုကို  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်  နိုဝင်ဘာ  ၃


“တေးဆိုတူပြိုင် လတန်ဆောင် တိုင်”  တေးဂီတဖျော်ဖြေမှု  ပွဲစဉ် (၁)ကို နိုဝင်ဘာ ၅ ရက် သောကြာ နေ့  ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၌  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 


ယင်းအစီအစဉ်ကို  ဓညဝတီ ကျော်ဝင်း  တေးဂီတ၏  တီးခတ် မှုနှင့်အတူ   တေးသံရှင်များဖြစ် ကြသည့်     ဝိုင်းလမင်းအောင်၊ ဘုန်းသစ်၊   ဆောင်းအိန္ဒြေထွန်း၊ ပန်တလျှံဧကရီ၊ သစ်နေစ၊ ခိုင်သိင်္ဂီ မော်၊ မင်းခန့်ကျော်၊ လင်းနေနှင့် သွယ်သွယ်သိမ့်တို့က   ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။

 


ထိုသို့ တင်ဆက်မှုကို နိုဝင်ဘာ ၇   ရက်  (တနင်္ဂနွေနေ့)     နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်    ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်