မန္တလေးမြို့၌ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

မန္တလေး   နိုဝင်ဘာ   ၁


မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်  အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ ရာမှ ယခုအခါ ရောဂါပိုးကူးစက်မှု လျော့နည်းလာ သည့်အတွက်  ယနေ့နံနက်ပိုင်းမှစတင်၍  အခြေခံ ပညာကျောင်းများ   ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင် စွာ ပညာသင်ကြားလျက်ရှိသည်။


ကျောင်းများသို့လာရောက် ပညာသင်ကြားကြ သည့် ကျောင်းသား ကျောင်းသူများအား ဆရာ ဆရာမများက ကျောင်းဝင်ပေါက်များ၌ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းနှင့် မျက်နှာကာ များ တပ်ဆင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ တပ်ဆင် ထားခြင်းမရှိပါက အသင့်ထားရှိသည့် နှာခေါင်းစည်း များ ဝေငှပေးခြင်း၊  ကျောင်းအတွင်းရှိ  လက်ဆေး ဘေစင်များတွင်  လက်ဆေးစေခြင်းတို့ကို   ကြီးကြပ် ဆောင်ရွက်ပေးကြသည်။
အလားတူ  ကျောင်းသား   ကျောင်းသူများ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ အသိပညာများ ပိုမိုရရှိနိုင်စေရန်   ကျောင်းတွင်း၊ ကျောင်းပြင်နှင့် စာသင်ခန်းအသီးသီး၌ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ပညာပေး ပိုစတာများ၊ ဗီနိုင်းဆိုင်းဘုတ်များကိုလည်း မြင်သာ သည့် နေရာများတွင်ချိတ်ဆွဲ၍ အသိပညာပေးထား ခြင်းများကို  ဆောင်ရွက်ထားပြီး   ကျောင်းတွင်း၊ ကျောင်းပြင် လုံခြုံရေးအတွက်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ပေးထားကြောင်း သိရသည်။


ကျောင်းအပ်နှံရေး     ရက်သတ္တပတ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံရသေး သည့် ကျောင်းသား ကျောင်းသူများကိုလည်း ပညာ သင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် ဆရာ ဆရာမ များက ကျောင်းအပ်လက်ခံပေးနေပြီး ရက်သတ္တ သုံးပတ်အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အခြေခံပညာကျောင်းများ အောင်မြင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်  တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ စာသင်ခုံများနေရာချထားခြင်း၊ စာသင်ချိန်များ ကို စနစ်တကျစီမံထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန် စေရေး ပြင်ဆင်ခြင်းတို့ကိုလည်း ကြိုတင်ဆောင်ရွက် ထားကြောင်း သိရသည်။


ကျောင်းသား ကျောင်းသူများ ကျန်းမာစွာဖြင့် ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက်လည်း မန္တလေး တိုင်းဒေသကြီးအတွင်း အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုင်ငံတော်အစိုးရ က စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန်  ၁  ရက်တွင်   စတင်ဖွင့်လှစ်ခဲ့ပြီး  ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသည့် အတွက် ဇူလိုင် ၉ ရက်တွင် ကျောင်းများ ယာယီပိတ်ခဲ့ ရပြီး ယခုအခါ ရောဂါပိုးကူးစက်မှု လျော့နည်းကျဆင်း လာသည့်အတွက်         အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရခြင်းဖြစ်ကာ တိုင်းဒေသကြီး အတွင်း အခြေခံပညာကျောင်းပေါင်း ၄၂၆၃ ကျောင်း၊ ပုဂ္ဂလိကကျောင်းပေါင်း ၂၄၁ ကျောင်းနှင့် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းပေါင်း ၃၁၇ ကျောင်း စုစုပေါင်း ၄၈၂၁ ကျောင်းရှိကြောင်း သိရသည်။ 


မောင်အေးချမ်း