ယခုကာလမှာ နိုင်ငံတိုးတက်အောင်၊ တည်ငြိမ်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမှာဖြစ်၊ ပြည်သူတွေရဲ့အားကို အားကိုးပြီး ဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံအတွက် များစွာတိုးတက်ပြောင်းလဲမှုရှိနိုင်တယ်ဆိုတာ အပြည့်အဝယုံကြည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

 

နေပြည်တော်  နိုဝင်ဘာ  ၁


ချစ်ခင်လေးစားအပ်တဲ့   တိုင်းရင်းသား မိဘပြည်သူများခင်ဗျာ၊       အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ ကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီနေ့ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံတော်အား နိုင်ငံ ရေးအရ အရေးပေါ်အခြေအနေကြေညာ ပြီးတော့မှ  တာဝန်ယူဆောင်ရွက်ခဲ့တာ ၉ လ ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ဒီ ၉ လ တာကာလအတွင်းမှာ   ကျွန်တော်တို့ ကောင်စီရဲ့ ဆောင်ရွက်မှု  အခြေအနေ များကို ကျွန်တော်ရှင်းပြလိုပါတယ်။ နိုင်ငံတော်အနေနဲ့     ဘာတွေလုပ်သင့် တယ်ဆိုတာလေးလည်း     ကျွန်တော် အနည်းငယ်ပြောလိုပါတယ်။ ကျွန်တော် တို့ကောင်စီ တာဝန်ယူပြီးတဲ့အချိန်မှာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို   ချမှတ်ခဲ့ ပါတယ်။       ရှေ့လုပ်ငန်းစဉ်   (၁) မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြန်လည်ဖွဲ့စည်းပြီးတော့ ရွေးကောက်ပွဲ မဲစာရင်းတွေ စစ်ဆေးပြီးခြင်းအပါအဝင် လုပ်ဆောင်သင့်   လုပ်ဆောင်ထိုက်တာ တွေကို   ဥပဒေနဲ့အညီ  ဆက်လက် လုပ်ဆောင်သွားမယ်လို့   ကျွန်တော်တို့ ပြောခဲ့တာရှိပါတယ်။          ဒါလည်း ကော်မရှင်ကဖွဲ့စည်းပြီးတော့မှ ပြန်လည် စစ်ဆေးပြီးတော့   လုပ်ငန်းအားလုံး ပြီးစီးပြီးဖြစ်ပါ တယ်။ တွေ့ရှိချက်များကိုလည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူ     ဆောင်ရွက်လျက်ရှိနေ ကြောင်းလည်း ပြောလိုပါတယ်။


အမြင့်မားဆုံးဖြစ်ပွားခဲ့


ဒုတိယအချက်အနေဖြင့် ယခုလောလောဆယ် ဖြစ်ပွားနေတဲ့   ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မပြတ် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွား မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ကိုဗစ်ရောဂါ ပထမလှိုင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ ရက်နေ့ကနေ စခဲ့ပါတယ်။  ဩဂုတ်လ ၁၅ ရက်နေ့မှာတော့ ပထမ လှိုင်းပြီးခဲ့တယ်လို့    ကျွန်တော်တို့တွေ့တယ်။ ဒုတိယလှိုင်းကတော့ ပြီးခဲ့တဲ့ ၈ လပိုင်း ၁၆ ရက်နေ့ ကနေစခဲ့ပြီးတော့ ဒီနှစ် ဇွန်လ ၂၆ ရက်အထိ ဖြစ်ပါ တယ်။  မှတ်တမ်းများအရ   ကြည့်မယ်ဆိုရင် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကိုဗစ်ရောဂါ ဖြစ်ပွားမှု   ကျွန်တော်တို့နိုင်ငံမှာ  အားလုံးပေါင်း ၅၀၀၀၇၃ ယောက်ရှိပါတယ်။ သေဆုံးသူက ၁၈၆၉၇ ယောက် ၃ ဒသမ ၇၄ ရာခိုင်နှုန်းရှိပါတယ်။ အဆိုးဆုံး ကတော့ ဇူလိုင်လမှာ ၁၄၁၉၀၈ ယောက်ဖြစ်ခဲ့ပြီး ၃၃ ဒသမ ၃၈ ရာခိုင်နှုန်းနဲ့ အမြင့်မားဆုံးဖြစ်ပွားခဲ့ တာ ဖြစ်ပါတယ်။  ဩဂုတ်လမှာတော့   သေဆုံးမှု အမြင့်ဆုံး ၆၀၅၅ ယောက် ၆ ဒသမ ၀၅ ရာခိုင်နှုန်း ရှိတာတွေ့ပါတယ်။ ကိုဗစ်ရောဂါတတိယလှိုင်းဖြစ်ပွား တဲ့ ကာလအတွင်းမှာ အရေးအင်မတန်ကြီးလာတဲ့အတွက်ကြောင့်    ကျွန်တော်ကိုယ်တိုင် ဦးဆောင် ပြီးတော့မှ       ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီ အနေနဲ့  အစည်းအဝေးတွေ  ကျွန်တော် ကျင်းပပြီး ထိန်းချုပ်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီတတိယလှိုင်း စတင်ဖြစ်ပွားတဲ့ကာလမှာ ကျွန်တော်တို့ အခက်အခဲ တွေ အများကြီးရှိတယ်။ တစ်အချက်ကတော့ စီးပွား ရေးမပြည့်စုံမှု၊ ဒုတိယကတော့ ဆေးပစ္စည်းတွေ မပြည့်စုံမှု၊   တတိယကတော့   အောက်ဆီဂျင် မပြည့်စုံမှု၊ စတုတ္ထကတော့ ကျန်းမာရေးဝန်ထမ်း မပြည့်စုံမှု လိုအပ်ချက်တွေရှိတယ်။  ဒါတွေအခက်အခဲ တွေ ကြားထဲကနေပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော့်ရဲ့မူကတော့   လူ့အသက်ထက်အရေး ကြီးတာ  ဘာမှမရှိဘူး၊ ဒီကိုဗစ်နဲ့ပတ်သက်လို့ရှိရင် ဘယ်လိုနည်းနဲ့ပဲ ကုန်ကျပါစေ၊  ကျွန်တော်တို့  ကုန်ကျခံမယ်ဆိုပြီးတော့ ပြည်တွင်း   ပြည်ပကနေပြီး တော့ ရနိုင်တဲ့လမ်းကြောင်းတွေကနေ    ဝယ်ယူ ဆောင်ရွက်ခဲ့တာတွေရှိတယ်။  ဒီမှာမြန်မာတွေရဲ့   ယဉ်ကျေးမှုလက္ခဏာဖြစ်တဲ့     ကူညီချင်တဲ့စိတ်၊  လှူဒါန်းချင်တဲ့ စိတ်တွေကသူများနိုင်ငံတွေထက်  သာလွန်တာတွေရှိတယ်။ ဒီစိတ်ဓာတ်တွေကြောင့် ကိုဗစ်ဖြစ်ပွားတဲ့အချိန်မှာ  ပြည်သူတွေကနေပြီး တော့    ဆေးပစ္စည်းတွေ၊ ဆေးဝါးတွေ၊ နောက်  အောက်ဆီဂျင်တွေကို    ရရာလမ်းကြောင်းကနေ ရအောင်ရှာပြီးတော့    လှူဒါန်းမှုတွေပြုခဲ့တယ်။ အလားတူစွာပဲ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ် ချက်ရှိတဲ့အချိန်မှာ    အငြိမ်းစားဝန်ထမ်းတွေ၊ တပ်မတော်ဘက်၊  နယ်ဘက်ဝန်ထမ်းတွေကလည်း ရရာလမ်းကြောင်းကနေ      လာရောက်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးမှုတွေရှိတယ်။ ဒီလိုကနေပြီး တော့မှ    ကျွန်တော်တို့ကြိုးစားဆောင်ရွက်မှုတွေ ကြောင့်   နောက်တစ်ခါ   အိမ်နီးချင်းမိတ်ဆွေနိုင်ငံ တွေဖြစ်တဲ့   ထိုင်းနိုင်ငံနဲ့  တရုတ်နိုင်ငံကနေပြီးတော့ ကာကွယ်ဆေးနဲ့       ကာကွယ်ရေးပစ္စည်းတွေ အဆင်ပြေပြေရရှိရေးကို အများကြီးဆောင်ရွက်ပေးခဲ့ တဲ့အတွက်ကြောင့် ထိန်းသိမ်းနိုင်မှုအခြေအနေများ ကောင်းလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဆိုလို့ရှိ ရင် ဖြစ်ပွားမှုရာခိုင်နှုန်းက တစ်နိုင်ငံလုံးနဲ့ ကြည့်မယ် ဆိုရင်တော့ ၅ ရာခိုင်နှုန်းအောက် ကျနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အဓိကဖြစ်ပွားမှုနှုန်းများတဲ့ အဓိကမြို့နယ် ၁၅ မြို့နယ်ကို  ဖယ်လိုက်လို့ရှိရင်   ကျွန်တော်တို့ တကယ်ဖြစ်ပွားတဲ့    ရာခိုင်နှုန်းက ၃ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီဟာတွေကို ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက် ပြီးတော့ ကျွန်တော်တို့လုပ်နိုင်တဲ့ ပမာဏအတွင်းမှာ လုပ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ရပ်ထား ခဲ့ရတဲ့ ယန္တရားမျိုးစုံကို ပြန်လည်လည်ပတ်ဖို့အတွက် ဆောင်ရွက်ပေးတာတွေရှိပါတယ်။ အဲဒီတော့ ဒီကိုဗစ် ရောဂါဖြစ်ပွားတဲ့အတွင်းမှာပဲ Stay at Home သတ်မှတ် ခဲ့တာရှိပါတယ်။ ၂၈ ရက် ၅ လ ၂၀၂၁ ရက်နေ့ကနေပြီး တော့  စတင်ကြေညာပြီးတော့  ၂၄ ရက် ၈ လအထိ ၁၁၉ မြို့နယ် ကြေညာခဲ့ရတာရှိပါတယ်။ အခြေအနေ ကောင်းတဲ့အတွက်ကြောင့် မြို့နယ် ၅၀ ကို ပြန်လည် လွှတ်ခဲ့ပြီးတော့ ၆၉ မြို့နယ် ကျန်ရှိနေတာရှိပါတယ်။ ဒီမြို့နယ်တွေကလည်း      ဆက်လက်ကြိုးစား ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင်  Stay  at  Home သတ်မှတ်ချက်ကနေပြီးတော့ လျှော့ချပြီးဆောင်ရွက် နိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။


ကျွန်တော်တို့ တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ထူးခြားတဲ့ လက္ခဏာရှိတဲ့အတွက်ကြောင့် အဲဒီမှာလည်းကျွန်တော် ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားပေါင်း ၂၃၃၆၉ ဦးကို ပြစ်ဒဏ်ကနေ  လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ  ထူးခြားတဲ့ရက်   နှစ်ရက်ရှိပါ တယ်။ အဲဒါကတော့ နှစ်ဆန်းတစ်ရက်နေ့နဲ့ သီတင်း ကျွတ်လပြည့်နေ့ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတယ်။   ဆရာသမား၊   မိဘတွေကိုလည်း ကန်တော့ကြတယ်။ ဒီလိုအတွက်ကြောင့် ဒီကုသိုလ် လေးတွေကိုရရှိစေရန်အလို့ငှာပဲ ၂၃၁၈၄ ဦးကို မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ   လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အလားတူစွာပဲ သီတင်းကျွတ်လပြည့်နေ့ မှာလည်း ၅၆၃၆ ယောက်၊ အမှုပိတ်သိမ်းတဲ့သူတွေ အပါအဝင်    လွတ်ငြိမ်းချမ်းသာခွင့်   ပေးခဲ့ပါတယ်။ အလားတူပဲ NCA (၆)နှစ်ပြည့်ဖြစ်တဲ့ အထိမ်းအမှတ် နေ့ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ၁၁၄ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့တာရှိပါတယ်။   ဒါတွေကြောင့် အားလုံးပေါင်းပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးခဲ့တာ ဟာ ၄၇၈၆၉ ယောက်ရှိပြီး     အမှုပိတ်သိမ်းမှုပေါင်း ၄၄၃၄ ယောက်ရှိကြောင်း ပြောကြားလိုပါတယ်။


ကာကွယ်ဆေးထိုးပြီးသူပေါင်း ၁၃ ဒသမ ၃ သန်း


ဆက်လက်ပြီး ကျွန်တော် ကိုဗစ်ရောဂါကာကွယ် ဆေးနဲ့ပတ်သက်ပြီး ဆောင်ရွက်မှုအခြေအနေများကို တင်ပြလိုပါတယ်။ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကနေ ကာကွယ်ဆေးဝယ်ယူရရှိမှု၊   လှူဒါန်းမှုတွေအားလုံး ပေါင်းဟာ ၃၃ ဒသမ ၈ သန်းရှိပါတယ်။  အဲဒီကနေ ကျွန်တော်တို့ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေစပြီးတော့ ကာကွယ်ဆေးထိုးနှံမှုတွေ ကျွန်တော်တို့ စခဲ့တာဖြစ် ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၁၃ ဒသမ ၃ သန်း၊ ပထမ အကြိမ်ထိုးတာရော  ဒုတိယအကြိမ်    ထိုးတာရော နှစ်ကြိမ်ထိုးတာရော ပါဝင်ပါတယ်။ ဦးတည်ထားတာ က ၄၅ နှစ်အထက် ဦးတည်ထိုးတာဆိုတော့ ၄၅ နှစ် အထက် လူဦးရေ၏ ၃၅ ရာခိုင်နှုန်းကျော် ထိုးပြီးဖြစ် တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အလားတူစွာပဲ နိုင်ငံ့ ဝန်ထမ်းအားလုံး ၈ သိန်းကျော်ရှိပါတယ်။ အဲဒီထဲက နေပြီးတော့မှ ၃၅၄၀၀၀ ကျော်   ထိုးနှံပြီးဖြစ်ပါတယ်။ ၄၄ ဒသမ ၂ ရာခိုင်နှုန်းကျော်   ထိုးပြီးဖြစ်တယ်လို့ ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။   အလားတူပဲ ကျွန်တော်တို့က ကျောင်းတွေဖွင့်ဖို့ပြင်ဆင်တဲ့အခါမှာ ကျောင်းသားတွေ ဆေးထိုးဖို့လိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ခုနကပြောတဲ့ ဦးတည်သူ အသက် ၄၅ နှစ်ကနေပြီးတော့ အသက် ၁၂ နှစ်အထက် ကျောင်းသား တွေ ဆေးထိုးဖို့အတွက်လည်း ဆောင်ရွက်ခဲ့ပါတယ်။ အားလုံးပေါင်း  Register လုပ်ထားတဲ့ကျောင်းသား ပေါင်း ၁ ဒသမ ၁ သန်းကျော်ရှိပါတယ်။ အဲဒီထဲကနေ ပြီးတော့ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၉ ဒသမ ၈ သိန်း(First Dose) ထိုးနှံပြီးဖြစ်ပါတယ်။ ၈၄ ဒသမ ၆ ရာခိုင်နှုန်းထိုးပြီးဖြစ်ပါတယ်။ (Second Dose) ကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဆက်လက်ထိုးမယ် လို့ စီစဉ်ထားကြောင်း ကျွန်တော်အသိပေးလိုပါတယ်။ အလားတူစွာပဲ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းတွေ ကိုလည်း မကြာခင်မှာပဲ ဖွင့်နိုင်ဖို့အတွက် ကျွန်တော် ကြိုးစားဆောင်ရွက်နေတဲ့အတွက်ကြောင့် တက္ကသိုလ် နဲ့ ကောလိပ်တွေမှာ   မှတ်ပုံတင်ထားတဲ့သူများကို လည်း အမြန်ဆုံးထိုးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် မှုတွေ    လုပ်နေတဲ့အကြောင်းကို  ပြည်သူလူထုကို ကျွန်တော်အသိပေးလိုပါတယ်။   ကျောင်းဖွင့်ရေးနဲ့ ပတ်သက်ပြီး       ဆောင်ရွက်မှုအခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် နေ့မှာ  ကျောင်းတွေ   ဖွင့်လှစ်ခဲ့တယ်။   သို့သော် လည်းပဲ ဒုတိယလှိုင်းအပြီးနဲ့ တတိယလှိုင်းအရှိန် မြင့်လာတဲ့အတွက်ကြောင့် ဇူလိုင်လ ၉ ရက်နေ့မှာ ပြန်ပိတ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း  ကျဆင်းလာတာတွေ့ရတဲ့ အတွက်ကြောင့် ပြည်နယ်နှင့် တိုင်း ၉ ခုမှာ ဖြစ်ပွား မှုနှုန်းများနေဆဲဖြစ်တဲ့  မြို့နယ် ၄၆ မြို့နယ်ကို ချန်လှပ်ပြီးတော့မှ ကျန်တဲ့ကျောင်းတွေ၊  ပုဂ္ဂလိက ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွေ အပါအဝင်အားလုံး ဒီနေ့ကစပြီး စတင်ဖွင့်လှစ် ပြီးဖြစ်ပါတယ်။ ဒီနေရာမှာ မိဘပြည်သူများကို မေတ္တာရပ်ခံချင်တာကတော့ ကိုဗစ်စည်းကမ်းနဲ့ ပတ်သက်ပြီး   သတ်မှတ်ထားတဲ့    သွားလာမှု စည်းကမ်း၊ နေထိုင်မှုစည်းကမ်း၊ ဒါတွေကိုအပြည့် အဝလိုက်နာပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် လက်ရှိ   ကျောင်းဖွင့်လှစ်မှုကိုလည်း   ထိခိုက်မှု လျော့နည်းနိုင်စရာ   အကြောင်းရှိတဲ့အတွက် ကြောင့် ဒါကိုလည်း တိတိကျကျနဲ့ အလေးထား  ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ တစ်ဖက် ကလည်း ကျန်ရှိတဲ့ ၄၆ မြို့နယ်မှာရှိတဲ့ ကျောင်း များ   ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဆိုရင် ကိုဗစ်ဖြစ်ပွားမှုနှုန်းကို လျော့ကျအောင်ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမြို့နယ် များ၊   သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစိုးရများက နေပြီးတော့မှ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သွား မယ်ဆိုလို့ရှိရင် အခြေအနေကောင်းတွေရနိုင်မယ် လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဖြစ်ပွားမှုနှုန်းများ နေတယ်လို့ ယူဆရတဲ့ ရှမ်းပြည်နယ်ဒေသကိုလည်း ဒုတိယဝန်ကြီးတစ်ဦးကို ကျွန်တော် တောင်ကြီးမြို့ မှာ တာဝန်ယူကွပ်ကဲပြီးတော့မှ  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊      ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့ကို အထူးအဖွဲ့တွေနဲ့ ကျွန်တော် တွန်းအားပေးပြီးတော့ ဆောင်ရွက်ပေး နေတယ်ဆိုတဲ့အကြောင်းလေးလည်း အသိပေး လိုပါတယ်။ 


ဆက်လက်ပြီး     စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး  ကျွန်တော် ပြောလိုပါတယ်။   အဲဒီတော့ ကျွန်တော်တို့နိုင်ငံ က စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက်ကြောင့် ရေ၊ မြေဩဇာ    အရေးကြီးတဲ့အကြောင်းကို   အခါ အားလျော်စွာ ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ မိုးရွာသွန်း မှုနဲ့ပတ်သက်ပြီးတော့ စံပြုမြို့နယ် ၇၅ မြို့နယ်ကို ကောက်ယူခဲ့ရာမှာ  ၅၄  မြို့နယ်က   ယခင်နှစ် မိုးရေချိန်ထက်ကို ပိုမိုများပြားနေတာကို  တွေ့ပါ တယ်။ လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံး မိုးရွာ သွန်းမှု အားကောင်းခဲ့ပါတယ်။ တစ်ခါကျွန်တော်တို့ အဓိက ဆည်တွေပေါ့ဗျာ၊  ဆည်ပေါင်း ၂၅၀ ကို စစ်တမ်းကောက်တဲ့အခါမှာလည်း ၃၁ ဆည်က ယခင်နှစ် ဝင်ရောက်ခဲ့တဲ့ စံချိန်ထက်ကျော်ပြီးတော့ ရေကျော်နေပြီဖြစ်ပါတယ်။

m  စာမျက်နှာ  ၃ မှ
အလားတူစွာပဲ  ဆည်ပေါင်း   ၁၇၄  ဆည်ဟာ  ကာလတူနဲ့     ယှဉ်မယ်ဆိုလို့ရှိရင်    ပိုနေတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျန်တဲ့ ၄၅ ဆည်က  နည်းနည်းလေး  လျော့နေတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ  မိုးစပါးစိုက်ပျိုးမှုက  ၁၅  သန်းရှိပါတယ်။ ဒီ ၁၅  သန်းမှာ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါ တယ်။ အဲဒီတော့ ကျွန်တော်တို့  ဆည်တွေရေတွေ ကောင်းတယ်၊  မိုးကောင်းတယ် ဆိုသော်လည်းပဲ ကျွန်တော်တို့ နွေစပါး၊ နွေရာသီမှာ ဆည်ရေတွေ  ပြည့်ဖို့လိုပါတယ်။    ထို့အတူပဲ    ကျွန်တော်တို့ အောက်တိုဘာ၊ နိုဝင်ဘာ၊   ဒီဇင်ဘာဆိုလို့ရှိရင် အောင်ရေတွေပေးဖို့ လိုအပ်ပါတယ်။ အောင်ရေ တွေ  ပေးဖို့အတွက်ကို    ကျွန်တော်တို့    လက်ရှိ ရှိထားတဲ့   ဆည်ရေတွေကိုလည်း   ခြိုးခြံချွေတာ ပြီးတော့မှ    အနည်းဆုံးလိုအပ်ချက်နဲ့   အလုံ အလောက်  ပေးနိုင်ဖို့အတွက်  ကြိုးစားရမှာဖြစ်ပါ တယ်။   ဒါကိုလည်း    အကျိုးရှိရှိအသုံးချပါလို့ ကျွန်တော်ပြောလိုပါတယ်။  ကျွန်တော်တို့အတွက်  ကံကောင်းတာတစ်ချက်က    ဘာလဲဆိုတော့ ကျွန်တော်တို့  ဒီတစ်နှစ်လုံး   မိုးကောင်းခဲ့တယ် ဆိုသော်လည်းပဲ     မြန်မာနိုင်ငံအောက်ပိုင်းမှာ ရှိတဲ့ တချို့မြို့နယ်များ  ရေကြီးတာကလွဲလို့ရှိရင် သဘာဝဘေးအန္တရာယ်  ကြီးကြီးမားမား  မဖြစ် ခဲ့တာကို တွေ့ရပါတယ်။ 


ဒီဇယ်နဲ့ ဓာတ်ဆီတင်သွင်းရမှု


ဒေါ်လာ ၂ ဒသမ ၁၂၉ ဘီလီယံရှိ


နောက်တစ်ခုကတော့  စက်သုံးဆီနဲ့ပတ်သက် ပြီး    ကျွန်တော်အနည်းငယ်   ရှင်းပြလိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ဒီဇယ်နဲ့ ဓာတ်ဆီတင်သွင်းရမှုဟာ အားလုံးပေါင်း  တန်ဖိုး အားဖြင့် ဒေါ်လာ ၂ ဒသမ ၁၂၉ ဘီလီယံ ရှိပါတယ်။ ပြီးခဲ့တဲ့  မိန့်ခွန်းတွေမှာ  ကျွန်တော်ထည့်ခဲ့ပါတယ်။ အဲဒါဘာလဲဆိုတော့   စားအုန်းဆီနဲ့   ပတ်သက် ပြီးတော့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာပဲ တန်ချိန် ရှစ်သိန်း ကျော်သွင်းခဲ့ရပြီးတော့မှ  ၈၂၆  သန်းဖိုး  သွင်းခဲ့ ရတာရှိပါတယ်။ အဲဒီတော့ ခုနက စက်သုံးဆီရယ်၊  စားသုံးဆီရယ် ပေါင်းလို့ရှိရင်  သုံးဘီလီယံနီးပါး လောက်ရှိတာကို တွေ့ရပါတယ်။ အဓိက ကျွန်တော် ဆိုလိုချင်တာကတော့   စက်သုံးဆီနဲ့ပတ်သက် ပြီးတော့   အတတ်နိုင်ဆုံး   ခြိုးခြံချွေတာသုံးစွဲဖို့ မေတ္တာရပ်ခံလိုပါတယ်။ အထူးသဖြင့်  သွားလာရေး နဲ့    ပတ်သက်လို့ရှိရင်    Public Transportation ဖြစ်တဲ့  မီးရထား၊ ဘတ်စ်ကား၊   မြို့ပတ်ရထား ဒါတွေကို    အဓိကထား    သုံးစွဲမယ်ဆိုလို့ရှိရင်    ပိုပြီးတော့  အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်       မီးရထားလမ်းတွေကိုလည်း တတ်နိုင်သလောက်     အကုန်လုံး    ကြိုးစားပြီး  ဖွင့်လှစ်ပေးပါတယ်။  ဘယ်လောက်ပဲ    အဖျက် အမှောင့်  လုပ်ငန်းတွေ  ရှိနေပါစေ။   တိုင်းပြည် အတွက် အကျိုးရှိတဲ့ လုပ်ငန်းဖြစ်လို့ ကျွန်တော်တို့  ဒါကိုကြိုးစားပြီး  ဖွင့်လှစ်ပေးနေတာရှိပါတယ်။ ဒါကြောင့်   မိဘပြည်သူများအနေနဲ့    ရထားနဲ့ ဘတ်စ်ကား အသုံးပြုပြီးတော့ ခရီးသွားလာခြင်းကို အားပေးကြဖို့ ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်။ ထို့အတူပဲ ခုနကပြောတဲ့ စားသုံးဆီနဲ့ပတ်သက်လို့ ရှိရင်လည်း    မြန်မာနိုင်ငံမှာ   ဆီထွက်သီးနှံတွေ စိုက်ပါတယ်။ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်း စသည်ဖြင့် စိုက်တာပေါ့။ ပြီးခဲ့တဲ့ ကာလ အတွင်းမှာ စီးပွားကူးသန်းဝန်ကြီးဌာနက တင်ပြတဲ့ ကိန်းဂဏန်းအရဆိုလို့ရှိရင် အခုထွက်တဲ့ ဆီထွက် သီးနှံတွေက  သာမန် စားသုံးမှုတွေကို ချန်လှပ်ပြီး ဆီကြိတ်ခွဲမှုက တန်ချိန် ၆၆၀၀၀ ကျော်ရတယ်လို့ ကျွန်တော်တို့ တွေ့ရပါတယ်။ ဆိုလိုတာကတော့  အတိုင်းအတာတစ်ခုအထိတော့ ကျွန်တော်တို့က ပြည်တွင်းမှာ စားသုံးဆီထွက်ပါတယ်။ ထို့အတူပဲ ပြည်ပကနေ  တင်သွင်းတဲ့  စောစောကပြောတဲ့ တန်ချိန်    ရှစ်သိန်းကျော်မှာလည်း    ကျွန်တော့် ကိုလည်း    တချို့က  ပြောပါတယ်။  ဒီဆီတွေက စားသုံးဆီတင်မဟုတ်ဘူး စက်သုံးဆီမှာပါ သုံးတယ် လို့၊  စက်မှုလုပ်ငန်းမှာ  သုံးတယ်လို့   ပြောပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပေါ့ဗျာ။ ကျွန်တော်တို့ ဆီစားသုံး မှုမှာတော့  များနေတာကို  သုတေသနပြုချက်အရ တွေ့ပါတယ်။ မိဘပြည်သူများ ဆိုင်တွေမှာ ရောင်းချ နေတဲ့  ဟင်းလျာတွေကို ကြည့်ပါ၊ ဆီပြန်ဟင်းတွေ များတာကို     တွေ့ရပါလိမ့်မယ်။    အိမ်တွေမှာ    ဆိုလို့ရှိရင်လည်း ဆီနိုင်နိုင်ထားပြီးတော့မှ သုံးကြ တာလည်း  တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာ့ရိုးရာ မိရိုးဖလာစားတဲ့အထဲမှာ လက်ဖက်တို့၊    ပဲပြုတ်တို့၊   ငါးခြောက်ဖုတ်တို့      တော်တော်များများ    စားကြ ပါတယ်။    ဒီနေရာမှာလည်း   ဆီနိုင်းချင်းလေးနဲ့   စားကြတာကို    တွေ့ပါတယ်။  ကျွန်တော်ကိုယ်တိုင် လည်း   ဒီအစားအစာတွေ ကြိုက်ပါတယ်။  ဒါကြောင့်  ကျွန်တော်ပြောချင်တာကတော့  အတတ်နိုင်ဆုံး ဆီအနည်းဆုံး  ထည့်သွင်းပြီးတော့   အသုံးပြုမယ် ဆိုလို့ရှိရင်  ဆီချွေတာရာလည်း  ရောက်ပါတယ်။ တိုင်းပြည်အတွက် ကုန်ကျနေတဲ့ စားသုံးဆီတင်သွင်း မှုကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။   ဒါကြောင့်   အဓိကအားဖြင့်တော့    စက်မောင်းဆီအသုံးချမှု    လျှော့ချပေးနိုင်ဖို့ရယ်၊    ဒုတိယအနေနဲ့ကတော့ စားသုံးဆီအသုံးချမှု  လျှော့ချပေးနိုင်ဖို့နဲ့ တိုင်းပြည် အတွက်   အကျိုးရှိအောင် ဆောင်ရွက်ပေးဖို့အတွက် ကျွန်တော်ပြောလိုပါတယ်။ 


ကုန်သွယ်မှု ပိုငွေ ၂၆၈ ဒသမ ၉၈ သန်းဖြစ်


ဆက်လက်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ကုန်သွယ် ရေး အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်အနည်းငယ် ရှင်းပြလိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  အတွင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉၅၈၅ ဒသမ ၁၄၉ ရှိခဲ့ပါတယ်။  အဲဒီမှာ ပင်လယ်ရေကြောင်း က ကုန်သွယ်မှုပမာဏ ၁၉၈၃၂ ဒသမ ၁၃၁ သန်း၊ နယ်စပ်ကနေပြီးတော့  ၉၇၅၃ ဒသမ ၀၈၁ သန်း ဖြစ်ပါတယ်။ အဲဒီမှာ ပို့ကုန်၊  သွင်းကုန်  ပြန်ယှဉ် ကြည့်မယ် ဆိုလို့ရှိရင် ပို့ကုန်က ၁၄၉၂၇ ဒသမ ၀၆၅ သန်းဖြစ်ပြီးတော့ သွင်းကုန်က ၁၄၆၅၈ ဒသမ ၀၈၄ သန်းဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်မှု ပိုငွေ ၂၆၈ ဒသမ ၉၈ သန်းဖြစ်တာကို တွေ့ပါတယ်။ ကာလတူမှာ  ကုန်သွယ်မှုအနေနဲ့  လိုငွေ   ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၆၃၈ ဒသမ ၇၄၉ သန်း ဖြစ်ပါတယ်။ ဒါကြောင့်  ဒီနှစ်မှာ  ကုန်သွယ်မှုနဲ့ပတ်သက်ပြီး အခြေအနေ ကောင်းတယ် လို့ ကျွန်တော်ပြောနိုင်ပါတယ်။ ဒီမှာလည်း ကျွန်တော်  တို့ နယ်စပ်ကုန်သွယ်ရေးကလည်း အဓိကကျတာကို ကျွန်တော်တွေ့ပါတယ်။   မြန်မာနိုင်ငံရဲ့   နယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နိုင်ငံတွေကတော့  တရုတ်၊   ထိုင်းနဲ့  ဘင်္ဂလားဒေ့ရှ်ပြီးရင်  အိန္ဒိယတို့ ဖြစ်ပါတယ်။ အဓိကကတော့ တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံ  ဖြစ်ပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးမှာတော့ ကျွန်တော်တို့နယ်စပ်ဒေသမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်း  များပြားတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ပို့ကုန် တွေကို      တရုတ်နိုင်ငံကနေပြီးတော့မှ    သူတို့ရဲ့  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု မူဝါဒနဲ့အညီ တချို့ နေရာလေးတွေမှာ စည်းကမ်းသတ်မှတ်ခဲ့တာ  ရှိတဲ့ အတွက်ကြောင့် တချို့ကို ကျွန်တော်တို့  မပို့နိုင်ခဲ့ပါ ဘူး။ သို့သော်လည်းပဲ   အခု  ကိုဗစ်  ထိန်းချုပ်မှု အားကောင်းလာပြီ ဖြစ်တဲ့အတွက်ကြောင့် နယ်စပ် ကုန်သွယ်ရေးမြှင့်တင်၊  ဖွင့်နိုင်ရေးအတွက်လည်း ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီတော့ နယ်စပ်ဒေသတွေမှာရှိနေတဲ့ မြို့နယ်များ အနေနဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်မှုကို ယခုထက် ပိုမို ပြီးတော့မှ    တင်းတင်းကျပ်ကျပ်    အလေးထား ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် နယ်စပ်ကုန်သွယ်ရေး ဟာ  အရှိန်အဟုန်နဲ့  တိုးတက်လာမှာဖြစ်ကြောင်း ကျွန်တော်ပြောလိုပါတယ်။    အဲဒီတော့   ခုနက ကျွန်တော်ရှင်းပြတဲ့ ဆီ ၂ ဆီကိုလည်း ထိုက်သင့်တဲ့ ပမာဏ  လျှော့ချပြီးတော့မှ  သုံးစွဲမယ်ဆိုလို့ရှိရင်  အခုလာမယ့် အောက်တိုဘာကနေပြီးတော့မှ မတ်လ ထိ လုပ်မယ့်  mini  budget  အတွင်းမှာလည်း ကုန်သွယ်မှု ပိုငွေရရှိမယ်လို့ ကျွန်တော်  မျှော်လင့် ပါတယ်။ ကျွန်တော့်အနေနဲ့ ပို့ကုန် ဦးစားပေးတဲ့စနစ် ကို ကျင့်သုံးပါတယ်။ ကုန်ထုတ်လုပ်မှုကို  အားပေး ပါတယ်။ ပြည်တွင်း တိုင်းရင်းသားများရဲ့ ကုန်ထုတ် လုပ်မှုကို အားပေးပါတယ်။  SME ကို  ကျွန်တော် အားပေးပါတယ်။ ဒါတွေကို စနစ်တကျဆောင်ရွက် သွားမယ်ဆိုလို့ရှိရင်   ကျွန်တော်တို့   ပို့ကုန်ပမာဏ တွေလည်း   ပိုပြီးတော့မှ   များပြားလာပြီးတော့မှ ကုန်သွယ်မှုမှာလည်း ရလဒ်ကောင်းတွေ  ထွက်လာ လိမ့်မယ်ဆိုတာလည်း ပြောလိုပါတယ်။ 

စားသုံးမှု ပုံစံပြောင်းလဲရေး


အဲဒီတော့  နောက်တစ်ချက်  ပြည်သူများကို တိုက်တွန်းလိုတာတစ်ခု ရှိပါတယ်။  အဲဒါ  ဘာလဲ ဆိုတော့  ကျွန်တော်တို့ စားသုံးမှုပုံစံ ပြောင်းလဲရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက မိရိုးဖလာအားဖြင့် တော့ ဆန်ကို အဓိကထားပြီးစားတာ ဖြစ်ပါတယ်။ အချို့ နှစ်နှပ်စားတာရှိတယ်။ အချို့ သုံးနှပ် စားတာ ရှိပါတယ်။ အဲဒီတော့ ဆန်ကို အဓိကထားပြီး  စားတဲ့ အတွက်ကြောင့် ဆန်ကနေရတဲ့ အာဟာရကတော့ ပိုပြီး ရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က ဗိုက်ဝဖို့ကို    အဓိကဆိုပြီး   စားတဲ့အတွက်ကြောင့် အချို့နေရာတွေမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရ ကို ပြည့်ပြည့်ဝဝ မရတာတွေ ရှိပါတယ်။  ဒါကြောင့် ဆန်စားသုံးမှုကို    အနည်းငယ်လျှော့ချပြီးတော့မှ အခြားလိုအပ်တဲ့ အသားတို့၊ ငါးတို့၊ ဟင်းသီးဟင်းရွက် တို့ ဒါတွေကို ထိုက်သင့်သလို ရရှိအောင် ဖြည့်ဆည်း ဆောင်ရွက်  စားသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်လည်း    များစွာအထောက် အကူရမယ်လို့     ကျွန်တော်   တွေ့မိပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ  စိုက်ပျိုးရေးနဲ့  မွေးမြူရေး  အဓိကထားတဲ့        နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီမှာ စားရေရိက္ခာ အခြေခံအားဖြင့် ရှိပြီးသားဖြစ်ပါတယ်။ ဒါတွေ ပေါများအောင်လည်း ကျွန်တော့်ရဲ့  ရည်မှန်းချက်အတိုင်း   ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်း ချက်က တစ်အနေနဲ့ တစ်နိုင်ငံလုံး သာယာဝပြောမှု  ရှိရမယ်။ နှစ်အနေနဲ့ကတော့ စားရေရိက္ခာပေါများ ရမယ်ဆိုပြီး ရည်ရွယ်ပြီး ဆောင်ရွက်နေတာ ရှိပါ တယ်။  ဒါကြောင့်  ဒီစိုက်ပျိုးရေးနဲ့   မွေးမြူရေး ထုတ်ကုန်တွေကို ဒီထက်ပိုပြီးတော့ ထွက်အောင်လို့ နိုင်ငံတော်အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံကနေ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။    ဥပမာ အားဖြင့် ကျွန်တော်တို့နိုင်ငံမှာ မြစ်၊ ချောင်းတွေ ပေါပါတယ်။ မြစ်အတွင်းမှာ ငါးမျိုးတွေ စိုက်ထည့် တာတွေကို နိုင်ငံတော်ကနေ  သန်းပေါင်းများစွာ  ကျခံပြီးတော့မှ ငါးမျိုးစိုက်ထည့်ပေးလျက်  ရှိပါ တယ်။ ဒါတွေကို ဖမ်းယူပြီး ရောင်းမယ်ပဲဖြစ်ဖြစ်၊  စားမယ်ပဲဖြစ်ဖြစ်   ဒါတွေက   ရရှိတဲ့သူအတွက် ကတော့ အကျိုးရှိမယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စားသုံးမှု ပုံစံများကို  ပြင်မယ်ဆိုလို့ရှိရင်  လူမှုကျန်းမာရေး တွေလည်း အများကြီးကို ပြောင်းလဲသွားနိုင်တာကို ကျွန်တော်တို့ တွေ့ရပါတယ်။ သာမန်အားဖြင့် လူတစ်ယောက်က မနက်၊ နေ့လယ် နို့ဆီဘူး တစ်ဘူး စီလောက် စားပါတယ်။ မနက်စောစောစာမှာလည်း  ဘူးတစ်ဝက်လောက်     စားတဲ့အတွက်ကြောင့် နှစ်ဘူးခွဲလောက်ကုန်တာကို ကျွန်တော်တို့ တွေ့ရ ပါတယ်။   တပ်မတော်မှာလည်း   ဒီတိုင်းပါပဲ၊ ဒီနှုန်းနဲ့ပဲ စားပါတယ်။ ဒါကို ၁၀ ရာခိုင်နှုန်းလောက်  လျှော့ချပြီးတော့မှ     စားသုံးကြည့်တဲ့အခါမှာ ကျွန်တော်တို့ဘက်က     သုတေသနပြုချက်အရ တော်တော်အကျိုးရှိတာကို     တွေ့ရပါတယ်။ ဒါကြောင့်    ဒါလေးကိုလည်း  ထိုက်သင့်သလို ထိန်းသိမ်းပြီးတော့မှ စားသုံးမှုပုံစံမျိုး  ပြောင်းလဲ သွားမယ်ဆိုလို့ရှိရင်  ပြည်သူများရဲ့  ကျန်းမာရေး အတွက်လည်း    များစွာအထောက်အကူရမယ် ဆိုတာလေးလည်း  ကျွန်တော်အကြံပြုလိုပါတယ်။  ဒါကြောင့် ပြည်သူများအနေနဲ့ ဒါကို ထည့်သွင်း စဉ်းစားပြီးတော့မှ ဆုံးဖြတ်ဆောင်ရွက်စေလိုပါ တယ်။ နောက် ဆန်မဖူလုံတဲ့ဒေသတွေရှိပါတယ်။ အဲဒီဒေသတွေ      ဆန်ဖူလုံရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွန်းအားပေးပြီး  ဆောင်ရွက်ပေးလျက်   ရှိပါတယ်။    ဒါလည်း သက်ဆိုင်ရာ ကာယကံရှင်၊ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးများကလည်း တစ်ဖက်က ကြိုးစားဆောင်ရွက်  သလို တစ်ဖက်စားသုံးမှုပုံစံပြောင်းလဲတဲ့အခါမှာလည်း အထောက်အကူရအောင်   ထည့်သွင်းစဉ်းစား  ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် အကျိုးရှိမယ်လို့  ကျွန်တော်ပြောလိုပါတယ်။ 


ဝိုင်းဝန်းကြိုးစားဆောင်ရွက်


မိဘပြည်သူများအနေနဲ့ ယခုကာလမှာတော့  ကျွန်တော်တို့ဟာ    နိုင်ငံကို  တိုးတက်အောင်၊ တည်ငြိမ်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း နိုင်ငံသူ နိုင်ငံသားတွေ တိုင်းပြည်ကို ချစ်စိတ်နဲ့ ဆောင်ရွက်သွားမယ်ဆိုလို့ ရှိရင် မရစရာအကြောင်း မရှိပါဘူး။ ကျွန်တော်တို့  အပေါ်မှာလည်း နိုင်ငံရေးအရပေါ့ဗျာ။ ဝေဖန်မှုတွေ မျိုးစုံ၊ ကန့်သတ်မှုတွေမျိုးစုံနဲ့ ကြုံနေရတဲ့ ကာလ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသား များဟာ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့  စကား  အတိုင်းပဲ ကိုယ့်အားကိုယ်ကိုးပြီးတော့မှ တိုင်းပြည်ရဲ့ အားဟာ     ပြည်တွင်းမှာရှိတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့အားကို     အားကိုးပြီးတော့မှ ဆောင်ရွက်သွားမယ်  ဆိုလို့ရှိရင်  နိုင်ငံအတွက် များစွာကို  တိုးတက်ပြောင်းလဲမှုရှိနိုင်တယ်ဆိုတာ ကျွန်တော်        အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။ 


အားလုံးကိုကျေးဇူးတင်ပါတယ်။