
နေပြည်တော် နိုဝင်ဘာ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံ ပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် စာသင်ခန်းများအလိုက် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများကို နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးကာ ကျန်းမာ ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် နေထိုင် ကြစေလိုကြောင်း၊ ကျောင်းစာများကို အလေးထားပြီး ကြိုးစားသင်ယူကြစေလိုကြောင်း၊ ယဉ်ကျေးလိမ္မာ သော ကျောင်းသား ကျောင်းသူများဖြစ်အောင်ကြိုးစား ကြစေလိုကြောင်း မှာကြားသည်။(အပေါ်ယာပုံ)
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန် ကျန်ရှိ သည့် အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား ကျောင်းသူများကို ဆက်လက်၍ ကာကွယ်ဆေးထိုးနှံ နိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ ကျောင်းသား ကျောင်းသူ များကို ပညာသင်ကြားပေးရုံသာမက ယဉ်ကျေးလိမ္မာ သော စံပြကျောင်းသား ကျောင်းသူများ ဖြစ်လာစေ ရန်နှင့် လူတော်လူကောင်းများဖြစ်အောင် သင်ကြား ပြသပေးစေလိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း ၊ မူလတန်း ကျောင်း စုစုပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီး သင်ကျောင်း အထက်တန်း၊ အလယ်တန်း ၊မူလတန်း ကျောင်း စုစုပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၇၄ ကျောင်းအပါအဝင် စုစုပေါင်း ၈၅၉ ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် ကျောင်း အတွင်းမဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများနှင့် မျက်နှာအကာများ တပ်ဆင် စေခြင်း၊ ကျောင်းအတွင်း ထားရှိသည့် လက်ဆေး ဘေစင်များတွင် စနစ်တကျလက်ဆေးစေခြင်းများ ဆောင်ရွက်စေပြီး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်