
နေပြည်တော် အောက်တိုဘာ ၃၁
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက်များ မှတ်တမ်း တင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုး လုပ်ငန်းလွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေး ထိုးကတ်ပြားများထုတ်ပေးခြင်းစသည့် လုပ်ငန်း များအတွက် ကာကွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးမှု ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိ သည့် ကာကွယ်ဆေးထိုး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Vaccination Management Information System-VMIS) သည် Asian-Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ရရှိခဲ့သည်။
ASOCIO အဖွဲ့အစည်းသည် အာရှနှင့်သမုဒ္ဒရာ ဒေသအတွင်းရှိ နိုင်ငံများအတွင်း Information and Communications Technology-ICT နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ခြင်းဖြင့် ကုန်ထုတ်စွမ်းအား၊ အသက်မွေးဝမ်း ကျောင်း၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ တိုးမြှင့်လာစေရန် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်တွင် ICT နည်းပညာ အသုံးပြုမှု အမျိုးအစား(၅)ခု ဖြစ်သော ASOCIO Outstanding Tech Company Award၊ ASOCIO Outstanding User Organization Award ၊ ASOCIO Digital Government Award ၊ ASOCIO EdTech Award နှင့် ASOCIO Health Tech Award တို့ဖြင့် အဖွဲ့ဝင် ၂၄နိုင်ငံမှ အမျိုးအစား အလိုက် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆုချီးမြှင့်ခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပ ပြုလုပ်မည့် 2021 ASOCIO PIKOM DIGITAL SUMMIT ကျင်းပနေစဉ်အတွင်း နိုဝင်ဘာ ၁၂ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စံတော်ချိန် ညနေ ၅ နာရီခွဲတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်