မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် ယခုထက် ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် နည်းပညာမြင့်ကားများ ထုတ်လုပ်နိုင်ရေး ဆက်လက်သုတေသနပြုဆောင်ရွက်သွားရန်လို

 

နေပြည်တော်   အောက်တိုဘာ  ၃၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊     နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင်   ကောင်စီ အဖွဲ့ဝင်များ၊  ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်       ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍   မရမ်းကုန်း မြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း  နှင့်   ဗိုလ်ချုပ်    ကိုကိုလွင်တို့က စက်ရုံသမိုင်းအကျဉ်း၊    လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ နှင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊        တပ်မတော် ကာကွယ်ရေး              ဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မော်တော် ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ  ထုတ်လုပ်ခြင်းနှင့်      သုတေသန လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများ၊ စက်ရုံအဆင့်မြှင့်တင်  ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။ 

 


ဆက်လက်သုတေသနပြု


ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်က   ဆီသယ်ယာဉ်၊   ရေသယ် ယာဉ်၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်း ယာဉ်နှင့် မီးသတ်ယာဉ်များသည်  တပ်မတော်အတွက်      သာမက မိမိတို့နိုင်ငံတွင်     လိုအပ်လျက် ရှိသည့် မြို့ပြစည်ပင်သာယာရေး ဆိုင်ရာ လုပ်ငန်းများနှင့်    မီးဘေး  အန္တရာယ်   ကာကွယ်ရေးလုပ်ငန်း  များတွင်လည်း အသုံးပြုနိုင်သည် ဖြစ်သည့်အတွက် အရည်အသွေး ပြည့်မီစွာဖြင့်         အရေအတွက် များများ          ထုတ်လုပ်နိုင်ရေး ဆက်လက်  ဆောင်ရွက်သွားရန် လိုကြောင်း၊    အဆိုပါမော်တော် ယာဉ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့    ပို့ဆောင်  ဖြန့်ဖြူးပေးသွားရန်  လိုကြောင်း၊  မော်တော်ယာဉ်များ ထုတ်လုပ်ရာ တွင် ယခုထက် ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီ သည့်      နည်းပညာမြင့်ကားများ ထုတ်လုပ်နိုင်ရေး အတွက်လည်း ဆက်လက်သုတေသနပြု ဆောင် ရွက်သွားရန်လိုကြောင်း  မှာကြားသည်။

 


ချီးမြှင့်ငွေများ ပေးအပ်


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်                စက်ရုံအတွင်း  မော်တော်ယာဉ်နှင့်     ဆက်စပ် ပစ္စည်းများအား      ခေတ်မီစက် ကိရိယာများနှင့်    နည်းပညာများ  အသုံးပြု၍ထုတ်လုပ်လျက်ရှိသည့် အခြေအနေများကို    လှည့်လည် ကြည့်ရှုကြရာ   တာဝန်ရှိသူများ က   လိုက်လံရှင်းလင်းတင်ပြကြ ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်က စက်ရုံဝန်ထမ်းများအတွက်  ချီးမြှင့်ငွေများ ပေးအပ်သည်။

 


ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင် များသည်     စက်ရုံမှထုတ်လုပ် ထားရှိသည့်       မီးသတ်ယာဉ်၊ ရေသယ်ယာဉ်၊ ဆေးဖျန်းယာဉ်နှင့် ဆီသယ်ယာဉ်များအား  ကြည့်ရှု စစ်ဆေးကြသည်။

 


အဆိုပါတပ်မတော်အကြီးစား  စက်ရုံမှ ဂါလန်  ၂၀၀၀ နှင့် ၂၂၀၀ ဆံ့ မီးသတ်ယာဉ်၊ ရေသယ်ယာဉ် နှင့် ဆီသယ်ယာဉ်များ၊    အမှိုက် သိမ်းယာဉ်၊  ဆေးဖျန်းယာဉ်နှင့် မော်တော်ယာဉ် ဆက်စပ်ပစ္စည်း များဖြစ်သည့် Jeep Frame နှင့် Bolts & Nuts များအား ထုတ်လုပ် လျက်ရှိကြောင်း သတင်းရရှိ သည်။ 

 

သတင်းစဉ်