တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   အောက်တိုဘာ    ၂၉

 


တပ်မတော် (ကြည်း၊ ရေ၊ လေ)   အရာရှိ၊  စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊   သာသနာ့နွယ်ဝင်   သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုးနှင့်   လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို   ဆောင်ရွက် လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင်   ရှမ်း ပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့  ဇယ်တုန်ဟုန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်၊ ရှမ်းပြည် နယ်(တောင်ပိုင်း) လင်းခေးမြို့ ဝမ်ဟတ်တိုက်နယ်  မကျိုင်းမွန်းကျောင်း ပရဟိတဂေဟာ၊ မွန်ပြည်နယ် သထုံမြို့ ဇရစ်ချောင်းကျေးရွာရှိ ဇရစ်ချောင်းကျောင်း တိုက်၊ သိမ်ဇရပ်မြို့နယ် ရွာလေးမောင်ရပ်ကွက်ရှိ ရွှေရင်ကျော်    ဘုရားကုန်းတော်သာသနလင်္ကာရ ကျောင်းတိုက်၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့ရှိ ကျီးမနိုး ဘုန်းတော်ကြီးကျောင်း၊      ဒိုင်းပြဘုန်းတော်ကြီး ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်ရှိ ရတနာသီခကျောင်း တိုက်၊ သန်လျင်မြို့နယ် မြို့သစ်အလယ်ရပ်ကွက်ရှိ သန်လျင်မင်းကျောင်းပထမပြန်စာသင်တိုက်၊ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့  မဟာဝိသုဒ္ဓါရုံကျောင်း တိုက်နှင့်  ကလေးမြို့နယ်   ကံသာယာကျေးရွာရှိ ကံသာယာထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟိုကျောင်း တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများ၊   နေ့ဆွမ်းများ၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့ ဇယ်တုန်ဟုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ရှိ   သံဃာတော်များအား   အရှေ့မြောက်ပိုင်းတိုင်း  စစ်ဌာနချုပ်   နယ်မြေခံဆေးအဖွဲ့က   လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်