ပဲခူးမြို့ ကျုံးကူးတံတားတည်ဆောက်မှု နိုဝင်ဘာလအတွင်း ရာနှုန်းပြည့်နီးပါးပြီးစီးမည်

ပဲခူး   အောက်တိုဘာ  ၂၈


ပဲခူးတိုင်းဒေသကြီး   ပဲခူးမြို့တွင်   တည် ဆောက်လျက်ရှိသည့် ပဲခူးကျုံးကူးတံတားတည်ဆောက်မှုမှာ ရာနှုန်းပြည့်နီးပါး ပြီးစီး နေပြီဖြစ်သည်။
အဆိုပါ တံတားသည် ပဲခူးမြို့ သမိန် ဗရမ်းလမ်း ဆံတော်တွင်းလမ်းမှ မဂ္ဂတစ် လမ်းသို့ ဆက်သွယ်တည်ဆောက်ထားခြင်း ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန  တံတား ဦးစီးဌာန တည်ဆောက်ရေး(၃) တံတား အထူးအဖွဲ့(၉)က တာဝန်ယူတည်ဆောက် ခြင်းဖြစ်သည်။ 

 


တံတားသည် အရှည်ပေ ၂၁၀ ၊ ယာဉ် သွားလမ်းအကျယ် ၂၄ ပေ(နှစ်လမ်းသွား)ဖြစ်ပြီး  တံတား၏တစ်ဖက်စီတွင်   ၃ ပေ ခွဲအကျယ်    လူသွားလမ်းပါ   လုပ်ပေးထား ကြောင်း၊ ၁ မီတာ(၃ပေ)  အချင်းရှိ    ဘိုးပိုင် အုတ်မြစ်၊ သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပြီး   ကျုံးကူးတံတားကို   ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏     ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၆ ဒသမ ၈၄၃ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  ခွင့်ပြု ရန်ပုံငွေကျပ်သန်း ၁၆၂၀ ဖြင့် ၂၀၂၀ ပြည့်နှစ်   ဧပြီ ၁ ရက်က   စတင်တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 


“တံတားက    အားလုံးနီးပါး    ပြီးစီး သလောက်ပါပဲ။    တံတားလက်ရန်းပေါ် မီးတပ်ဆင်ဖို့၊ ဆေးသုတ်လုပ်ငန်းဆောင် ရွက်ဖို့နဲ့ လိုအပ်တာ လုပ်ဆောင်ဖို့က အနည်း အကျဉ်းပဲ ကျန်ပါတော့တယ်။ နိုဝင်ဘာလဆို     အားလုံးပြီးမှာပါ။ တံတားကြီးပေါ်မှာလည်း    အမှတ်တရ ဓာတ်ပုံရိုက်ချင်သူတွေ အဆင် ပြေဖို့လည်း လူသွားလမ်းပေါ်မှာ    နေရာလေး ပြုလုပ်ပေးထားပါတယ်”ဟု   တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 


ပဲခူးကျုံးကူးတံတား    တည်ဆောက် ခြင်းဖြင့်    မြို့တော်အင်္ဂါရပ်နှင့်အညီ  လမ်း တံတားများ    ဖွံ့ဖြိုးတိုးတက်ရန်၊     ပဲခူး မြို့ပတ်ဝန်းကျင် လမ်းကွန်ရက်ချိတ်ဆက် မှု အားကောင်းရန်၊ ပြည်သူများ  နေ့စဉ် သွားလာရာတွင်     လွယ်ကူချောမွေ့ပြီး မြို့တွင်း  ယာဉ်ကြောရှုပ်ထွေးမှုများကို   ဖြေ လျှော့ပေးနိုင်ရန်၊   ကုန်စည်စီးဆင်းမှုများ မြန်ဆန်ကောင်းမွန်စေရန် ရည်ရွယ်ဆောက် လုပ်ခြင်းဖြစ်ကြောင်း သိရသည်။  

                   
မောင်ယဉ်ဦး