ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၂၈ 


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ပစ္စည်းများကို  လေကြောင်း၊       ရေကြောင်းနှင့်        နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  နှောင့်နှေးကြန့်ကြာမှုမရှိ တင် သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီတစ်ခု မှ  ယာဉ်တစ်စီးဖြင့်   အောက်ဆီဂျင် အိုးခွံ ၄၅၀၊ လုပ်ငန်းသုံးအောက်ဆီ ဂျင်စက်  (Oxygen Generator) ၁၀ လုံး၊  အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) လေးခု နှင့်  လက်အိတ်  ခုနစ်တန်တို့ကို  တင်သွင်းခဲ့ကြောင်း  သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့် အညီ   ဦးစားပေး တင်သွင်းခွင့်ပြု ပေးလျက်ရှိကြောင်းနှင့်   ဆေးဝါး နှင့်  ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့်  အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူ သိရှိစေရန်   ဝန်ကြီးဌာန    Website    ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  

သတင်းစဉ်