ပရီကာဆာဓာတုပစ္စည်းများကို နည်းလမ်းအမျိုးမျိုးဖြင့် တင်သွင်းလျက်ရှိသဖြင့် နိုင်ငံအချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီး

နေပြည်တော် အောက်တိုဘာ  ၂၈   မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံ လေကြောင်း ကြားဖြတ်စစ်ဆေး ရေး အထူးအဖွဲ့အစည်းအဝေး (11th  ASEAN AIRPORT INTERDICTION TASK FORCE MEETING ) ကို ယနေ့နံနက် ၈ နာရီတွင်  ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထဲရေး ဝန်ကြီးဌာန၊  မူးယစ်ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေတတ်သော  ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်  အတွင်းရေးမှူး၊  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့  တပ်ဖွဲ့မှူး  ရဲမှူးချုပ် ဝင်းနိုင်နှင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  လေကြောင်း ရဲတပ်ဖွဲ့မှူး  ယာယီရဲမှူးချုပ်  မောင်မောင်ဦး  ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့တို့က နေပြည် တော်ရှိ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး  အစည်းအဝေးခန်းမမှ    ဗီဒီယို ကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက် ကြသည်။ အစည်းအဝေးတွင် ရဲမှူးချုပ်  ဝင်းနိုင်က   အဖွင့်အမှာစကား ပြောကြားရာတွင် အာဆီယံဒေသ တွင်း  အဖွဲ့ဝင်နိုင်ငံများ ရင်ဆိုင် ကြုံတွေ့နေရသော မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ်  ခြင်း၊  မှောင်ခိုခြင်းလုပ်ငန်းများ၏  စိန်ခေါ်မှုများကို  တိုက်ဖျက်ရန် အတွက်  အာဆီယံလုပ်ငန်းစီမံ ချက် (ASEAN Work Plan-2016-2025)နှင့် အာဆီယံပူးပေါင်း   ဆောင်ရွက်ရေးစီမံချက် (ASEAN Cooperation Plan)  တို့ကို  ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ အာဆီယံနိုင်ငံများ၏ နိုင်ငံ တကာ လေဆိပ်များတွင် ခေတ်မီ လုံခြုံရေးစက်ကိရိယာများ၊  ရှာဖွေ စစ်ဆေးရေးနည်းလမ်းအသစ်များ အသုံးပြုပြီး စစ်ဆေးလျက်ရှိ သဖြင့် တရားမဝင် မူးယစ်ဆေးဝါး  နိုင်ငံဖြတ်ကျော် သယ်ဆောင်မှု များကို  မကြာခဏဖမ်းဆီးရမိမှု များရှိခဲ့ပြီး  သတင်းအချက် အလက်နှင့်  အသိပညာများကို  နိုင်ငံအချင်းချင်း  အချိန်နှင့် တစ်ပြေးညီ  ပေးပို့ဖလှယ်နိုင်ပါ က   မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုလုပ်ငန်းများကို  ပိုမို ထိရောက်စွာ တားဆီးထိန်းချုပ် နိုင်မည်ဖြစ်ပါကြောင်း၊  နိုင်ငံ ဖြတ်ကျော် မူးယစ်မှောင်ခို  ကျူးလွန်သူများသည်  တစ်နိုင်ငံ နှင့်တစ်နိုင်ငံ မတူညီသောမူဝါဒ၊  ဥပဒေလုပ်ထုံးလုပ်နည်းများကို  အခွင့်ကောင်းယူ၍  ထိန်းချုပ် ပရီကာဆာ ဓာတုပစ္စည်းများ၊  ထိန်းချုပ်ထားခြင်း မရှိသည့် ပရီကာဆာ ဓာတုပစ္စည်းများကို နည်းလမ်း ပုံစံအမျိုးမျိုးဖြင့်  မူးယစ်ဆေးဝါး ချက်လုပ်ရာနေရာ များသို့ တင်သွင်းလျက်ရှိသဖြင့် နိုင်ငံအချင်းချင်း ပိုမိုနီးကပ်စွာ  ပူးပေါင်းဆောင်ရွက်ရန် အရေး ကြီးပါကြောင်း ပြောကြားသည်။ အစည်းအဝေးကို လေကြောင်း ရဲတပ်ဖွဲ့မှူး  ယာယီရဲမှူးချုပ်  မောင်မောင်ဦးက သဘာပတိ  အဖြစ်  ဦးဆောင်ကျင်းပပြုလုပ် ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘော ဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ လာအို၊  ဖိလစ် ပိုင်၊  စင်ကာပူ၊  ထိုင်း၊ ဗီယက်နမ် နိုင်ငံနှင့်  အာဆီယံအတွင်းရေး မှူးချုပ်ရုံးတို့မှ  ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကာ  တာဝန်ရှိသူများက  အပြည်ပြည် ဆိုင်ရာ လေဆိပ်များအလိုက်  ကြားဖြတ်စစ်ဆေးရေး အထူးအဖွဲ့ များဖြင့်  ပူးပေါင်းစစ်ဆေးနေမှု များ၊  မူးယစ်ဆေးဝါးဖမ်းဆီးရမိ မှုဖြစ်စဉ်များ၊ ခန္ဓာကိုယ်၌ သိုဝှက် သယ်ဆောင်ခြင်းနှင့် ခရီးဆောင် အိတ်အတွင်း သိုဝှက်သယ်ဆောင် ခြင်း နည်းလမ်းသစ်များ၊ ဖမ်းဆီး ရမိမှု အခြေအနေများ၊  DHL  ဝန်ဆောင်မှုများမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်များ၊ ခေတ်မီ မူးယစ်ဆေးဝါးရှာဖွေရေး  စက် ကိရိယာများနှင့် သုံးစွဲမှုနည်းပညာ များ ဖွံ့ဖြိုးတိုးတက်စေရေး  ဆောင်ရွက်ရန်  လိုအပ်ချက်များ နှင့်  သတင်းအချက်အလက်၊   အသိပညာမျှဝေခြင်းနှင့် သတင်း ဖလှယ်ခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း သင်တန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ (၁၂) ကြိမ်မြောက်  အာဆီယံလေကြောင်း ကြားဖြတ် စစ်ဆေးရေး အထူးအဖွဲ့အစည်း အဝေး  ဦးဆောင်ကျင်းပမည့် နိုင်ငံနှင့် နေရာရွေးချယ် အတည် ပြုခြင်းများနှင့် ပတ်သက်၍   ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။ သတင်းစဉ်