တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

 

နေပြည်တော် အောက်တိုဘာ  ၂၄


တိုင်းဒေသကြီးနှင့်     ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင်  လူမျိုးမရွေး ဘာသာမရွေး  အသက်(၅၅)နှစ်အထက်  ဒေသခံ ပြည်သူများ၊   အကျဉ်းသား၊  အကျဉ်းသူများ၊ မသန်စွမ်းသူများ၊    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ် ရေးစခန်းများ၊    ယာယီတိုက်ပွဲရှောင်  စခန်းများရှိ  ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်        ဦးတည်အုပ်စုများ သတ်မှတ်၍    တပ်မတော်မှ    ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို   အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် သီပေါမြို့ တို့၌ ဒေသခံပြည်သူ ၁၃၁၀ ၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်၌ဒေသခံပြည်သူ ၁၀၇၀၊ မွန်ပြည်နယ်နှင့်   ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌  ဒေသခံပြည်သူ ၄၀၆၆၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ    မြို့နယ်သုံး မြို့နယ်၌ ဒေသခံပြည်သူ ၄၃၄၆ ဦး၊  ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆  မြို့နယ်၌ ဒေသခံ ပြည်သူ ၂၄၉၆၃ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၌ ဒေသခံပြည်သူ ၁၁၄၇၆ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီး မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၆၈၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ဒေသခံ ပြည်သူ ၁၁၂၆၀၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့ နှင့် မိုးညိုမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၀၆၂ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များ၊  ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်   ပူးပေါင်း၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

 


ထို့အတူ  အခြေခံပညာကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းများဖွင့်လှစ်စဉ် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးတို့အတွက် ကျောင်းသား ကျောင်းသူများ ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ   ယနေ့တွင်   မွန်ပြည်နယ်နှင့်  ကရင် ပြည်နယ်အတွင်းရှိ     မြို့နယ်    ၁၆   မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၄၇၂၄ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး ပလောက်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၇၃ ဦး၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ  မြို့နယ် ၂၆  မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၁၅၉၈ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်၌   ကျောင်းသား   ကျောင်းသူ ၄၁၄၄ ဦး၊  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့၌   ကျောင်းသား  ကျောင်းသူ ၁၂၈၄ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ကျောင်းသား ကျောင်းသူ ၂၁၂၅၃ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များ၊  ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊   သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာမှ    တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်