သီပေါမြို့နယ် ဒုဋ္ဌဝတီမြစ်ကမ်းမှခြံတောင်သူများကို အခြေခံစားကုန်နှင့် အဝတ်အထည်များလှူဒါန်း

 

သီပေါ အောက်တိုဘာ ၂၁


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် လိမ္မော်၊ ကမ္ဗလာသီးနှံများ ထွက်ရှိသည့် ဒုဋ္ဌဝတီမြစ်ကမ်းတစ်လျှောက်ရှိ ခြံ‌တောင်သူများ စားဝတ် နေရေးအဆင်ပြေစေရန် အမျိုးသမီးကွန်ရက်မှ ဦးဆောင်ပြီး အလှူရှင် များနှင့်အတူ    ကျေးလက်ဒေသသို့   ကွင်းဆင်းကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက ဆွက်လုံ၊ တာပုလဲ၊ ဟာလင့်  စသည့်ကျေးရွာများမှ လိမ္မော်၊ ကမ္ဗလာခြံတောင်သူများကို ဆန်နှင့်ကုလားပဲပိဿာ ၃၀၀၊   ဆား ပိဿာ  ၂၀၀၊ ငါးခြောက်ပိဿာ ၂၀၀ နှင့် ဆောင်းဝတ်အနွေးထည်   ၃၀၀ တို့ကို မြို့နယ်အမျိုးသမီး ကွန်ရက်မှခေါင်းဆောင် ဒေါ်ခင်နှင်းဆီနှင့်အဖွဲ့ဝင်များက  ဒုဋ္ဌဝတီမြစ် ကြောင်းတစ်လျှောက်  မော်တော်များနှင့် သွားရောက်ကူညီ‌ပေးအပ်ခဲ့ ကြောင်း သိရသည်။ 


စိုင်း(သီပေါ)