ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိ

ထားဝယ်   အောက်တိုဘာ   ၂၀


သီတင်းကျွတ်လပြည့်  (အဘိဓမ္မာအခါ တော်နေ့)ယနေ့တွင် ဗုဒ္ဓမြတ်စွာဘုရား အား ပူဇော်သည့်အနေဖြင့် ထားဝယ်မြို့   အတွင်းရှိ တန်ခိုးကြီးဘုရားများ၊ ဘုရား ကျောင်းကန်စေတီပုထိုးများ၌  ကုသိုလ် ပြုကြသူများဖြင့်         စည်ကားလျက် ရှိကြောင်း သိရသည်။


ထားဝယ်မြို့၏    အထင်ကရတစ်ခု ဖြစ်သော ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်  နေ့ထူးနေ့မြတ် အချိန်အခါသမယဖြစ်သည့် အားလျော်စွာ  အောက်တိုဘာ ၂၀ ရက်  နံနက်ပိုင်းမှ စတင်၍ ထားဝယ်မြို့ရှိ ဒေသခံပြည်သူ များအပါအဝင်  ဘုရားဖူးလာသူများက ရွှေတောင်စား  စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော် ကြပြီး  ဘုရားကြီးတွင်  အဓိဋ္ဌာန်ပုတီး စိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရား တော်များ ရွတ်ဖတ်ခြင်းများ   ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။


ထို့အတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသတွင်လည်း စိတ်ဝင်စားဖွယ်   သမိုင်းကြောင်းများ၊ သမိုင်းဝင်ရှင်ကိုးရှင် ဘုရားများ၊ ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီးနှင့် ထားဝယ် ဒေသအတွင်းရှိ ဘုရား၊ ပုထိုး၊ စေတီများ မှာ      ထင်ရှားကျော်ကြားလျက်ရှိပြီး   အပန်းဖြေနားနေစရာအဖြစ် မောင်းမကန် ကမ်းခြေအပါအဝင် ထားဝယ်ခရိုင်အတွင်း ရှိ ကမ်းခြေများ၌လည်း စည်ကားလျက် ရှိသည်။              

 ထားဝယ်(ပြန်/ဆက်)