လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများအား မိမိတို့နိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်နေ

 

နေပြည်တော်  အောက်တိုဘာ  ၁၄  


အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို  အောက်တိုဘာ  ၈  ရက်မှ ၁၄ ရက်အထိ ကျင်းပရာ အောက်တိုဘာ  ၁၄ ရက်တွင် ကျင်းပသော ဝန်ကြီးများအဆင့် အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။

 


တက်ရောက်


အစည်းအဝေးနံနက်ပိုင်း  အစီအစဉ်များအဖြစ် “အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် တီထွင်ဆန်းသစ်မှု   ပိုမိုမြှင့်တင်ဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့်   အာဆီယံနေ့အခမ်းအနားကိုလည်းကောင်း၊ ယင်းနောက်  အာဆီယံနှင့် မိတ်ဖက်နိုင်ငံ များ၊ အဖွဲ့အစည်းများ၏ (၁၀)ကြိမ်မြောက် အစည်း အဝေးကိုလည်းကောင်း ကျင်းပရာ အာဆီယံနိုင်ငံ (၁၀) နိုင်ငံဝန်ကြီးများ၊  တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး မှူးရုံး (UNOCHA)၊ ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်(UNESCAP)၊ ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်း(UN Women)တို့မှ  တာဝန်ရှိသူများ   တက်ရောက်ခဲ့ ကြသည်။

 


နှုတ်ခွန်းဆက်စကား ပြောကြား


ဆက်လက်၍ (၉)ကြိမ်မြောက် အာဆီယံသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေးကို ဆက်လက်ကျင်းပပြီး  အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီး များက   နိုင်ငံအလိုက်   နှုတ်ခွန်းဆက်စကားနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲလုပ်ဆောင်မှုများကို အသီးသီးရှင်းလင်းပြောကြားကြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က     လတ်တလော အခြေအနေတွင်     ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့နေရသည့်   ကိုဗစ်  - ၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အရေးပါသော ကဏ္ဍ ဖြစ်သည့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို အရှိန် မြှင့်တင်ဆောင်ရွက်နေရာ    ဦးစားပေးအုပ်စုများ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစားပေး အုပ်စုများတွင်    ပါဝင်နေသော   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊    နေရပ်စွန့်ခွာသူများ၏ ယာယီခိုလှုံရာစခန်းများတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုများ ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ၏ အလေးထားဆောင်ရွက်မှုကြောင့်    ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလဆန်းတွင် ကိုဗစ်-၁၉ ကူးစက်နှုန်း ၇ ရာခိုင်နှုန်းအထိ ကျလာပြီဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးနှံပြီးသူ   ၁၀  ဒသမ   ၆  သန်းကျော်ရှိပြီး ကာကွယ်ဆေးလွှမ်းခြုံမှုမှာ ၁၂ ရာခိုင်နှုန်းကျော် ရှိပြီဖြစ်ကြောင်း၊ အာဆီယံနိုင်ငံခေါင်းဆောင်များ၏ ဘုံသဘောတူ ဆွေးနွေးချက်များအရ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီအနေ ဖြင့် ကိုဗစ် -၁၉ တုံ့ပြန်ရေးဆိုင်ရာ ဆေးနှင့် ဆေး ပစ္စည်းများပေးပို့မှုအတွက်လည်း အာဆီယံအဖွဲ့ကြီး နှင့် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 


ထို့နောက်   မြန်မာနိုင်ငံသို့  လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခြင်းကိစ္စ နှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို  အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့  အာဆီယံ အတွင်းရေးမှူးချုပ်က တင်ပြရာ အဖွဲ့ဝင်နိုင်ငံများက ဝိုင်းဝန်းဆွေးနွေးကြသည်။ 

 


ပူးပေါင်းဆောင်ရွက်သွားမည်


ပြည်ထောင်စုဝန်ကြီးက တုံ့ပြန်ဆွေးနွေးရာတွင်   အာဆီယံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက် အရ ဆက်လက်ဆောင်ရွက်သွားမည့် လူသားချင်း စာနာမှု   အကူအညီပေးရေးလုပ်ငန်းများအတွက် လည်း   အာဆီယံမိသားစုဝင်  နိုင်ငံတစ်နိုင်ငံ၏ လိုက်နာရန်အချက်များနှင့်အညီ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ AHA Centre တို့နှင့်အတူ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မည်သည့် အကြောင်းကြောင့်မဆို ရပ်တန့်၍မရသည့် လူသား ချင်း စာနာမှုအကူအညီပေးရေးနှင့် လူမှုကာကွယ် စောင့်ရှောက်မှုလုပ်ငန်းများအား မိမိတို့နိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေပါကြောင်း၊ ဆောင် ရွက်ရာတွင်လည်း    အခြေခံရမည့်   နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး မူဝါဒများ၊ ကူညီမှုကြောင့် မည်သူမျှ ထိခိုက်နစ်နာမှုမရှိစေရေး၊ မည်သူမျှ ချန်လှပ်မှုမရှိစေရေး၊ သာလွန်ကောင်းမွန် သော ပြန်လည်ထူထောင်မှုဖြစ်စေရေးတို့အား အထူး အလေးထားကာ နိုင်ငံသားဖြစ်မှု၊ လူမျိုး၊ ဘာသာ၊  ယုံကြည်မှုတို့နှင့် မသက်ဆိုင်စေဘဲ လိုအပ်သူတိုင်း အား ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်နေပါကြောင်း၊ ASEAN အပါအဝင် နိုင်ငံတကာမှ ကူညီပံ့ပိုးရာတွင် လည်း မြန်မာနိုင်ငံမှကျင့်သုံးနေသည့် လူသားချင်း စာနာမှု    အကူအညီပေးရေးဆိုင်ရာ  ခံယူချက် စည်းကမ်းမူများနှင့်အညီ    အပြန်အလှန်  လေးစား ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု     ယုံကြည်တိုက်တွန်းပါကြောင်း၊ မိမိတို့အာဆီယံနိုင်ငံများအနေဖြင့် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံကောင်း များအား   အခြေခံပြီး   သဘာဝဘေးလျော့ပါးရေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင်    ဆက်လက်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ASEAN ၏ ရည်မှန်းချက်ဖြစ် သည့်   သဘာဝဘေးစီမံခန့်ခွဲမှုကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုရရှိနိုင်ရန်  ဆုမွန်တောင်း ဆန္ဒပြုပါ ကြောင်း ဆွေးနွေးပြောကြားသည်။ 

 


ဆွေးနွေးအတည်ပြု


မွန်းလွဲပိုင်းအစီအစဉ်အဖြစ် အာဆီယံနိုင်ငံများမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများ အနေဖြင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် အာဆီယံတို့ ပူးပေါင်းဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာချက် များနှင့်စပ်လျဉ်း၍  အပိုင်းအလိုက်၊  အခန်းကဏ္ဍ အလိုက် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

 


ပါဝင်ဆွေးနွေး


ဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာကိုကိုနိုင်နှင့် အဖွဲ့ သည် အောက်တိုဘာ ၈ ရက်တွင် Video Confer-encing ဖြင့်  ကျင်းပသည့်  အာဆီယံလူသားချင်း စာနာမှု   ညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန၏  (၁၅) ကြိမ်မြောက်    အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်းအဝေး၊ အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက အောက်တိုဘာ ၁၁ ရက်တွင် ကျင်းပ သည့်    အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ (၃၉) ကြိမ်မြောက် အစည်း အဝေးနှင့် အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပသည့် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ + တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊   ဒုတိယ အကြိမ်   အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ + ဂျပန်နိုင်ငံ၊ ပထမအကြိမ် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ+ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနှင့် (၁၆)  ကြိမ်မြောက်      လူသားချင်းစာနာထောက်ထား မှုနှင့်      သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု    ပူးတွဲလုပ်ငန်းအဖွဲ့            အစည်းအဝေးများသို့  တက်ရောက်ပါဝင်    ဆွေးနွေးခဲ့ကြောင်း    သိရှိရသည်။ 


သတင်းစဉ်