ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် Russian Direct Investment Fund ၏ CEO တို့ Virtual စနစ်ဖြင့်ဆွေးနွေး

 

နေပြည်တော် အောက်တိုဘာ ၁၄


ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းသည် Russian Direct Investment Fund၏  CEO  ဖြစ်သူ Mr. Kirill Dmitriev နှင့် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် ကျန်းမာရေး        ဝန်ကြီးဌာန ရုံးအမှတ်(၄) ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှ Virtual  စနစ်ဖြင့် ဆွေးနွေးသည်။

 


တွေ့ဆုံဆွေးနွေးပွဲတွင် Sputnik V and Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ပတ်သက်၍      မြန်မာနိုင်ငံနှင့်  ပူးပေါင်းဆောင်ရွက်ရာ၌  လက်ရှိတွင်  အောင်မြင်လျက်ရှိသည့်  ထင်ရှားသော  ဖြစ်ပေါ် တိုးတက်မှုများနှင့် ယင်းကာကွယ်ဆေးများ၏  အနာဂတ်အလားအလာများကို  မျှဝေခဲ့ကြသည်။ 

 


တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူး ချုပ်(ကုသရေး ဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


သတင်းစဉ်